Connect with us

Politics & Security

(၅)ကြိမ်မြောက် အာဆီယံ ရေတပ် အရာရှိငယ်များ တွေ့ဆုံပွဲအား ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်မှ ၁၉ ရက်အထိ Summit Park View Hotel ၌ကျင်းပ ပြုလုပ်လျက် ရှိ

၅)ကြိမ်မြောက် အာဆီယံ ရေတပ် အရာရှိငယ်များ တွေ့ဆုံပွဲအားမြင်တွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်သည့် (၅)ကြိမ်မြောက် အာဆီယံ ရေတပ် အရာရှိငယ်များ တွေ့ဆုံပွဲအား ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်မှ ၁၉ ရက်အထိ Summit Park View Hotel ၌ကျင်းပ ပြုလုပ်လျက် ရှိသည်။

တွေ့ဆုံပွဲသို့ တက်ရောက်မည့် အာဆီယံ နိုင်ငံများမှ ရေတပ် အရာရှိငယ် များသည် အောက်တိုဘာ ၁၆ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် အသီးသီးေ ရာက်ရှိခဲ့သည်။ တွေ့ဆုံပွဲသို့ တက်ရောက် လာသည့် အရာရှိငယ် များသည် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်တွင် ဖွင့်ပွဲ အခမ်းအနား တက်ရောက်ခြင်း၊ နိုင်ငံအလိုက် ရေတပ် သမိုင်းကြောင်း ရှင်းလင်းခြင်း နှင့် ”အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြင့် ရေတပ်စွမ်းအား တည်ဆောက် ကြပါစို့” ခေါင်းစဉ်အား ဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ တက်ရောက် ခဲ့သည့် အာဆီယံ နိုင်ငံများမှ ရေတပ် အရာရှိငယ် များအား စစ်ဦးစီး အရာရှိချုပ်(ရေ ) ဗိုလ်ချုပ် မိုးအောင် က ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်းတွင် Summit Park View Hotel ၊ ပင်းယခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့သည်။

အာဆီယံရေတပ် အရာရှိငယ် များသည် တပ်မတော်(ရေ) လှေလှော်ရွက်တိုက် အသင်းတွင် လှေလှော်ခြင်းနှင့် ရွက်တိုက်ခြင်း ဆောင်ရွက်ပြီး သန်လျင် တပ်နယ်၊ ရွှေတိဂုံဘုရား၊ ဗိုလ်ချုပ် အောင်ဆန်းဈေး တို့သို့ လေ့လာရေး သွားရောက်ခဲ့သည်။ အာဆီယံ ရေတပ် အရာရှိငယ် များသည် အောက်တိုဘာ ၁၉ ရက်တွင် သက်ဆိုင်ရာ နိုင်ငံ အသီးသီးသို့ လေကြောင်း ခရီးဖြင့် ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.