Connect with us

Politics & Security

အာဖဂန်နိုင်ငံ ငြိမ်းချမ်းရေး အတွက် လေးနိုင်ငံ ဆွေးနွေးပွဲကို ဧပြီလ အတွင်း ကျင်းပမည်

အာဖဂန်အရေး လေးနိုင်ငံ ဆွေးနွေးပွဲသို့တက်ရောက်ကြမည့် နိုင်ငံများ၏ အလံများအားတွေ့ရစဉ် ( ဓာတ်ပုံ -အင်တာနက် )

အစ္စလာမ်မာဘတ် ၊ ဧပြီ ၈ ရက် ( ဆင်ဟွာ )

အမျိုးသား ရင်ကြားစေ့ရေး ဆွေးနွေးပွဲကို တာလီဘန်တို့ဖက်က ငြင်းဆန်လိုက်ပြီးနောက် အခြေအနေကို ပြန်လည် သုံးသပ်ရန် အာဖဂန်ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လေးနိုင်ငံ ဆွေးနွေးပွဲကို ဧပြီလအတွင်း ကျင်းပသွားမည်ဟု ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး Sartaj Aziz က ဧပြီလ ၇ ရက်တွင် ထုတ်ဖော် ပြောဆို လိုက်သည်။

ပြီးခဲ့သော မတ်လက ပါကစ္စတန် နိုင်ငံတွင် ကျင်းပခဲ့သည့် အာဖဂန် ၊ ပါကစ္စတန် ၊ တရုတ် နှင့် အမေရိကန် နိုင်ငံတို့ပါဝင်ကြသည့် အာဖဂန်အရေး လေးနိုင်ငံ ဆွေးနွေးပွဲသို့တက်ရောက်ရန် တာလီဘန် စစ်သွေးကြွအဖွဲ့နှင့် Hizb-e အစ္စလန်မစ် အဖွဲ့များအား ဖိတ်ကြားခဲ့သော်လည်း အဆိုပါ အဖွဲ့နှစ်ခု က တက်ရောက်ရန် ငြင်းဆန်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပါဝင်ကြသည့် အုပ်စု လေးစုအနေဖြင့် တာလီဘန်များအား ဆွေးနွေးပွဲတွင် ပါဝင်လာရေး အတွက် ဆက်လက် တွန်းအားပေးသွားရန် တာဝန်ရှိကြောင်း ပါကစ္စတန် အကြံပေးက ဆိုထားသည်။ အာဖဂန် နစ္စတန်နိုင်ငံ၏ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်သည် အလွန် အရေးကြီးကြောင်း နှင့် ၎င်းလုပ်ငန်းစဉ်များ အတွက် ဆွေးနွေးပွဲကို တစ်ကြိမ် ၊ နှစ်ကြိမ် ပြုလုပ်ရုံမျှဖြင့် လုံလောက်မှု မရှိနိုင်ကြောင်း Aziz ထပ်မံ ပြောကြားခဲ့သည်။
တွေ့ဆုံ ဆွေးနွေးရေးသည် အာဖဂန် အရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း နှင့် အာဖဂန် အစိုးရ နှင့် တာလီဘန်တို့တွေ့ဆုံ ဆွေးနွေးရေး ဖြစ်မြောက်လာစေရန် ပါကစ္စတန်နိုင်ငံက ဆက်လက် တွန်းအားပေး သွားမည်ဟူ၍လည်း ၎င်းက ဆက်လက် ပြောကြားသည်။ ထို့ပြင် အာဖဂန်နစ္စတန် နိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို တတ်နိုင်သမျှ လျှော့ချပြီး အပေါင်းလက္ခဏာ ဆောင်သည့် အခြေအနေ တစ်ရပ်ကို ဖန်တီးသွားကြရန် လိုအပ်နေသည်ဟု ၎င်းက ဆိုသည်။
သို့သော် ပါကစ္စတန်နိုင်ငံ ၊ အစ္စလာမ် မာဘတ်မြို့တွင် ပြုလုပ်ခဲ့သည့် လေးနိုင်ငံ ဆွေးနွေးပွဲတွင် အာဖဂန်နစ္စတန်နိုင်ငံ အထူး ကိုယ်စားလှယ် Omar Zakhiwal က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ရန် ငြင်းဆန်နေသူများအား အရေးယူမှုများ ပြုလုပ်သွားရန် တိုက်တွန်းခဲ့သည်ဟု သိရသည်။ (Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.