Connect with us

Politics & Security

ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဟောင်း အသက် ၈၉ နှစ် ၌ ကွယ်လွန်

ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hans-Dietrich Genscher အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘာလင်၊ဧပြီ ၂ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hans-Dietrich Genscher သည် အသက် ၈၉ နှစ်အရွယ်၌ ကွယ်လွန်ခဲ့ကြောင်း နိုင်ငံခြားရေးရုံးက ဧပြီလ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

Genscher သည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အဖြစ် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဂျာမနီ လွတ်လပ်သောဒီမိုကရက်တစ်ပါတီ (FDP) ၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကာ နှလုံးသွေးကြောကျဉ်း ရောဂါဖြင့် သေဆုံးခဲ့ကြောင်း Bonn မြို့ရှိ Genscher၏ ရုံးဌာန၏ပြောကြားချက်ကို ကိုးကား၍ Spiegel အွန်လိုင်းသတင်းဌာန ကဖော်ပြခဲ့သည်။

Genscher အား ၁၉၂၇ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။

Genscherသည် FDP အဖွဲ့ဝင်အဖြစ် နှစ်များစွာ နိုင်ငံရေးအတွေ့အကြုံ ရရှိပြီးနောက် ၎င်းအား ပြည်ထဲရေး ဝန်ကြီးအဖြစ် ၁၉၆၉ခုနှစ် မှ ၁၉၇၄ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းသည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့နေစဉ် တပြိုင်နက်တည်းမှာပင် ဒုတိယ ဝန်ကြီးချုပ်အဖြစ် ၁၉၇၄ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

Genscher သည် ၁၉၉၂ ခုနှစ်တွင် ကျန်းမာရေး အခြေအနေများကြောင့် လက်ရှိတာဝန်မှ အနားယူခဲ့ပြီးနောက် မကွယ်လွန်ခင်အချိန်အထိ ရှေ့နေအဖြစ် နှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117