Connect with us

Social & Culture

ကမ္ဘောဒီးယားတွင် စက်ဘီးစီး၍ လူပေါင်း ၄ဝဝဝ ကျော် ဥရောပနေ့အခမ်းအနားကို ပါဝင်ဆင်နွှဲ

ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသည့် ဥရောပနေ့စက်ဘီးစီးပွဲတော် တာထွက်လာစဉ် (ဆင်ဟွာ)

ဖနွမ်းပင် ၊ မေ ၇ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အစိမ်းရောင်ပတ်ဝန်းကျင်အကြောင်း တိုးမြှင့် အသိပညာပေးရန် နှင့် ဥရောပနေ့ကို ဆင်နွှဲရန် အတွက် လူပေါင်း ၄ဝဝဝ ကျော်ပါဝင်သည့် စက်ဘီးစီးပွဲတော်ကို မေလ ၇ ရက်တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံရှိ ဥရောပသမဂ္ဂ ( EU )ရုံး ၊ ကမ္ဘောဒီးယားပညာရေး ၊ လူငယ် နှင့် အားကစားဝန်ကြီးဌာန နှင့် ဖနွမ်းပင်ဒေသန ္တရ အုပ်ချုပ်ရေးအဖွဲ့တို့ပူပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး George Edgar က ကမ္ဘောဒီးယားနိုင်ငံတွင် EU အကြောင်းပိုမိုသိရှိစေရန် ရည်ရွယ်ပြီး ပြုလုပ်သော လှုပ်ရှားမှုတစ်ရပ်ဖြစ်ကြောင်း နှင့် ယခုကျင်းပသော စက်ဘီးစီးပွဲတော်သည် EU မှကြီးမှူး၍ ပြုလုပ်သော လေးကြိမ်မြောက်ပွဲတော် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ ဖနွမ်းပင်မြို့မှာ စက်ဘီးစီးတဲ့ ရည်ရွယ်ချက်က ကမ္ဘောဒီးယားနိုင်ငံမှာ ဥရောပသမဂ္ဂ အခမ်းအနားနေ့ ဆင်နွှဲရုံ သက်သက်ပါပဲ။ စက်ဘီးစီးပြီး သွားတာက သိပ်ကို အစိမ်းရောင် ဆန်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းအရာတွေ နဲ့ပတ်သက်ပြီး စဉ်စားဖို့အကောင်းဆုံး အခွင့်အရေးတစ်ရပ်ပေါ့” ဟု ၎င်းက ဆိုသည်။
အဆိုပါ စက်ဘီးစီးပွဲတော်သည် အိုလံပစ် အားကစားကွင်းမှ စတင် တာထွက်ခဲ့ပြီး ဖနွမ်းပင်အခြေစိုက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ သံရုံးများကိုဖြတ်သန်း၍ စက်ဘီးစီးခဲ့ကြကြောင်း နှင့် ခရီးအကွာအဝေးမှာ ၁၅ ကီလိုမီတာ ရှိပြီး မူလတာထွက်ရာ အားကစားကွင်းတွင် ပြန်လည် ပန်းဝင်ခဲ့ကြောင်း သိရသည်။
အမျိုးသမီး စက်ဘီးစီးသမား Sou Lan “ ပျော်စရာကောင်းပါတယ်။ ဒီပွဲတော်မှာ ပထမဆုံးအကြိမ် ပါဝင်ဖြစ်တာပါ။ ကျန်းမာရေး နဲ့အစိမ်းရောင် ပတ်ဝန်းကျင်အတွက် လူတွေ စက်ဘီး ပိုစီးဖြစ်အောင် ဒီပွဲတော်က တွန်းအားပေးနိုင်မယ်လို့ယုံကြည်ပါတယ်” ဟုပြောကြားသည်။
ဥရောပသမဂ္ဂ အဖွဲ့အစည်းကြီးကို အစပြုရန် ၁၉၅ဝ ပြည့်နှစ်က သမိုင်းဝင်မိန့်ခွန်းပြောကြားခဲ့သူ ဝန်ကြီး Robert Schuman အား ပြန်ပြောင်းသတိရစေရန် ရည်ရွယ်ပြီး မေလ ၉ ရက်နေ့ကို ဥရောပနေ့အဖြစ်သတ်မှတ်၍ ဥရောပ နိုင်ငံများ နှင့် ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဉ်နှစ်တိုင်း အခမ်းအနားများ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.