Connect with us

Social & Culture

ဗီယက်နမ် ထိပ်တန်းလူငယ် မျိုးဆက်သစ် အားကစားသမားများ အတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်

ဗီယက်နမ် အားကစားမယ်များ ၁၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်ပွဲခံနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟိုချီမင်းစီးတီး ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံသည် လာမည့် ၂ဝ၂၄ ခုနှစ် အိုလံပစ်ပြိုင်ပွဲ အတွက် ရည်ရွယ်ပြီး ထူးချွန်လူငယ် အားကစားသမားများကို အထူးအခွင့် အရေးပေးမည့် အထူးအစီအစဉ် တစ်ရပ်ကို ဖန်တီးသွားမည် ဖြစ်ကြောင်း ပြည်တွင်း အားကစား အရာရှိတစ်ဦးက ဇွန်လ ၇ ရက်တွင် ပြောကြားသည်။

“ ၂ဝ၂၄ ခုနှစ် အိုလံပစ်ပြိုင်ပွဲ အတွက် ထူးချွန်လူငယ်တွေကို မြေတောင်မြှောက်ပေးမယ့် အထူးအစီအစဉ်တစ်ခု ရှိတယ်။ အရမ်းထူးချွန်တဲ့ လူငယ် အားကစားသမားတွေကို အမေရိကန် ပြည်ထောင်စု (သို့) ဥရောပနိုင်ငံတွေ အထိ ပို့ပြီး လေ့ကျင့်ပေးသွားမယ်” ဟု အမည်မဖော်လိုသည့် ဗီယက်နမ် အထွေထွေအားကစား ရေးရာဌာန နှင့် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု အရာရှိတစ်ဦးက ဆိုသည်။
၁၇ ကြိမ်မြောက် အာရှလူငယ် ပြေးခုန်ပစ် ချန်ပီယံ ပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သည့် ဗီယက်နမ် လူငယ်များသည် အထူးအစီအစဉ်တွင် ပါဝင်လာကြမည်ဟု ၎င်းအရာရှိက ဆိုသည်။ ဗီယက်နမ် နိုင်ငံ၏ နာမည်ကျော် ပြေးခုန်ပစ် အားကစားသမားများ ဖြစ်သည့် Truong Thanh Hang ၊ Vu Thi Huong နှင့် Nguyen Dinh Cuong တို့သည် အာရှ လူငယ် ပြေးခုန်ပစ် ချန်ပီယံ ပြိုင်ပွဲမှ ပေါ်ထွက်လာကြသည့် ထူးချွန်အားကစားသမားများ ဖြစ်ကြောင်း ၎င်းအရာရှိက ဆက်ပြောသည်။
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ဇွန်လ ၃ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် အာရှလူငယ် ပြေးခုန်ပစ် ချန်ပီယံ ပြိုင်ပွဲတွင် ဗီယက်နမ် နိုင်ငံသည် ရွှေတံဆိပ် ၂ ခု ၊ ငွေတံဆိပ် ၃ ခု နှင့် ကြေးတံဆိပ် ၃ ခုဖြစ် နိုင်ငံအလိုက်တွင် အဆင့် ၇ ဖြင့် ရပ်တည်ခဲ့ကြောင်း သိရသည်။
အမျိုးသမီး အလျားခုန် ပြိုင်ပွဲတွင် ဗီယက်နမ်သူ Nguyen Thi Truc Mai က ၆.၃၄ မီတာဖြင့် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။ ၎င်း၏ အသင်းဖော် Le Tu Chinh သည် အမျိုးသမီး မီတာ၂ဝဝ တာတို ပြေးပြိုင်ပွဲတွင် ၂၃.၉၄ စက္ကန့်ဖြင့် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။ ၂ဝ၁၆ ခုနှစ် အိုလံပစ် ပြိုင်ပွဲ၌ မီတာ ၂ဝဝ တာတို ပြေးပြိုင်ပွဲကို ၂၃.၂ဝ စက္ကန့်ဖြင့် ကြာချိန် စံနှုန်းသတ်မှတ်ထားကြောင်း သိရသည်။
အာရှလူငယ် ပြေးခုန်ပစ် ချန်ပီယံ ပြိုင်ပွဲတွင် ဂျပန်နိုင်ငံက ရွှေတံဆိပ် ၁၃ ခု ၊ ငွေတံဆိပ် ၁ဝ ခု နှင့် ကြေးတံဆိပ် ၄ ခုဖြင့် ပထမ ၊ တရုတ်နိုင်ငံက ရွှေတံဆိပ် ၁၁ ခု ၊ ငွေတံဆိပ် ၇ ခုနှင့် ကြေးတံဆိပ် ၄ ခုဖြင့် ဒုတိယနှင့် အိန္ဒိယနိုင်ငံက ရွှေတံဆိပ် ၇ ၊ ငွေတံဆိပ် ၄ ခု နှင့် ကြေးတံဆိပ် ၄ ခုဖြင့် တတိယ အသီးသီး ရရှိကြောင်း သိရသည်။
ဘရာဇီး Rio အိုလံပစ် ပြိုင်ပွဲ၌ ဗီယက်နမ် နိုင်ငံသည် ကြက်တောင် ၊ လှေလှော် ၊ သေနတ်ပစ် ၊ ဓါးခုတ်၊ လမ်းလျှောက် ၊ အလေးမ ၊ ဂျွမ်းဘား ၊ ဂျူဒို စသည့် အားကစားနည်းများ အတွက် ကစားသမား ၁၉ ဦး ပါဝင်ယှဉ်ပြိုင်သွားရန် ရှိကြောင်း ပြည်တွင်းသတင်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.