Connect with us

Social & Culture

ဆင်များ သေဆုံးနေရသည့် အတွက် ကမ္ဘောဒီးယား နိုင်ငံတွင် တိရစ္ဆာန် အခြေပြု ခရီးသွားလုပ်ငန်း ရပ်ဆိုင်းရန် တောင်းဆို

ကမ္ဘော ဒီးယားနိုင်ငံတွင် ဆင်လိမ္မာလေး တစ်ကောင်က ကမ္ဘာလှည့် ခရီးသွားများအား ဖျော်ဖြေ တင်ဆက်နေစဉ် (ဓာတ်ပုံ -အင်တာနက်)

ပနွမ်းပင် ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ခရီးသွား လုပ်ငန်းသုံး ဆင်များသည် ပင်ပန်း နွမ်းနယ်ရာမှ သေဆုံးမှုများ ဆက်တိုက် ဖြစ်ပေါ်နေသဖြင့် ကမ္ဘောဒီးယား ပြည်သူ ထောင်ပေါင်းများစွာက ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများတွင် တောရိုင်း တိရစ္ဆာန် များအား အသုံးပြုနေခြင်းကို ရပ်တန့်ရန် ဆန္ဒပြ တောင်းဆိုကြသည်။

အသက် ၄ဝ နှစ် မှ ၄၅ နှစ်ကြား ရှိမည်ဟု ယုံကြည်ရသည့် ကမ္ဘောဒီးယား နိုင်ငံ၏ အသက်အရွယ် အကြီးဆုံး ဆမ်ဘို (Sambo) ဆင်ကြီးသည် ၎င်းမသေဆုံးခင် တစ်ရက်အလို ဧပြီလ ၂၃ ရက်က အန်ကောဝတ် ဘုရားကျောင်းကြီးအား မိနစ် ၄ဝ ကျော် လှည့်ပတ် ခဲ့ရသည့် အတွက် ပင်ပန်းလွန်ပြီး သေဆုံးသွားရခြင်း ဖြစ်သည်ဟု သတင်းများက ဆိုကြသည်။

ဆမ်ဘိုသည် ၂ဝဝ၁ ခုနှစ်မှ စတင်ကာ အန်ကော ဆင်ကုမ္ပဏီတွင် စတင် အမှုထမ်းခဲ့ပြီး Siem Reap ရှိ အန်ကော သဘာဝ ဥယျာဉ်တွင် ကမ္ဘာလှည့် ခရီးသွားများ လှည့်လည် ကြည့်ရှုနိုင်အောင် လိုက်လံပို့ဆောင် ပေးခဲ့ရသည်ဟု ကမ္ဘောဒီးယား သတင်းစာများက ရေးသား ဖော်ပြသည်။

အန်ကော ကုမ္ပဏီ မန်နေဂျာ Oan Kiri က ဆမ်ဘိုသည် လေကောင်း လေသန့်ကောင်းမွန်စွာ မရရှိခြင်းနှင့် အပူချိန် မြင့်မားခြင်းတို့ကြောင့် နှလုံးရောဂါဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ပြောသည်။ ဧပြီလ ၂၃ရက် က ဆင်ကြီး ဆမ်ဘို သေဆုံးသွားပြီ ဟူသည့် သတင်းသည် အွန်လိုင်း စာမျက်နှာပေါ်တွင် ပြန့်နှံ့ခဲ့ပြီး ခရီးသွားလုပ်ငန်းတွင် ဆင်များ အသုံးပြုနေခြင်းကို ရပ်တန့်ရန် ကမ္ဘောဒီးယား ပြည်သူ ၂၂,၄ဝဝ ကျော်က လက်မှတ်များ ရေးထိုး တောင်းဆိုခဲ့ကြသည်။

“ ဆင်စီးပြီး လည်ကြတာဟာ ရက်စက်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒါကြောင့် ကမ္ဘာလှည့် ခရီးသည်တွေက အားလပ်ရက်တွေမှာ ဆင်စီးပြီး အချိန်ဖြုန်းတာကို ရက်စက်ရာ မရောက်ဘူးလို ထင်ကောင်း ထင်ကြမယ်။ တစ်ခါတစ်လေမှာ ရက်စက်မှုတွေကို မျက်လုံးနဲ့မမြင်ရဘူး။ အဲဒီရက်စက်မှုတွေဟာ မြင်ကွင်း အကွယ်မှာ ဖြစ်နေလို့ပဲ ” ဟု တောင်းဆိုချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။

ကမ္ဘာ တစ်ဝန်းတွင် တာဝန်ယူမှု မရှိသော ခရီးသွား လုပ်ငန်းများကြောင့် အနည်းဆုံး တောရိုင်း တိရစ္ဆာန် ကောင်ရေ ၅၅ဝ,ဝဝဝ မှာ ဆင်းရဲ ဒုက္ခ ခံစားနေရကြောင်း ကမ္ဘာ့ တောရိုင်း တိရစ ္ဆာန် ကာကွယ် စောင့်ရှောက်ရေး အင်တာနက် စာမျက်နှာက ဧပြီလ ၂၅ရက်တွင် ဖော်ပြထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117