Connect with us

Social & Culture

အာဆီယံ သစ်တော လုပ်ငန်းဆိုင်ရာ ညီလာခံ ဖိလစ်ပိုင်တွင် ကျင်းပ

၉ ကြိမ်မြောက် အာဆီယံ လူမှု သစ်တော ပညာဆိုင်ရာ ကွန်ရက် အစည်းအဝေး အား ၂၀၁၅ ခုနှစ် ဇွန်လ က မြန်မာနိုင်ငံ၌ ကျင်းပခဲ့စဉ် (ဓာတ်ပုံ- အင်တာနက်)

မနီလာ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
အာဆီယံ ဒေသတွင်း သစ်တော လုပ်ငန်းဆိုင်ရာ ညီလာခံအား ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်း ပါလာဝမ် ပြည်နယ်တွင် ဇွန်လ ၁၄ ရက်မှ စတင်ကာ သုံးရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင်နှင့် သဘာဝအရင်း အမြစ် ဦးစီးဋ္ဌာန (DENR) က ပြောသည်။

၁၀ ကြိမ်မြောက် အာဆီယံ လူမှု သစ်တော ပညာဆိုင်ရာ ကွန်ရက် (ASEAN Social Forestry Network= ASFN) အစည်းအဝေး အစီအစဉ်အရ သစ်တော လုပ်ငန်းနှင့် လူမှု သစ်တောပညာ လက်တွေ့လုပ်ဆောင်ခြင်း နှင့် မူဝါဒ မြှင့်တင်ခြင်း စသည့် ကဏ္ဍများအပေါ် ဆွေးနွေးမှုများ ပါဝင်ကြောင်း DENR သစ်တောဆိုင်ရာ စီမံခန့်ခွဲမှု ဗျူရို ညွှန်ကြားရေးမှူး ရီကတ်ဒို ကယ်ဒီရွန်က ပြောသည်။
အာဆီယံ နိုင်ငံများနှင့် အကောင်အထည် ဖော်ရေး မိတ်ဖက်များမှ အစီရင်ခံစာများ၊ အာဆီယံနှင့် ကမ္ဘာလုံး ဆိုင်ရာ ရည်မှန်းချက်များအား ထောက်ပံ့ပေးမည့် ASFN လှုပ်ရှားမှု မဟာဗျူဟာ စီမံကိန်း တိုးတက်မှု အခြေအနေများအား တင်ပြရန် ရှိကြောင်း ၎င်းက ပြောသည်။
ASFN သည် အရှေ့တောင် အာရှတွင် သတင်းအချက်အလက်နှင့် အသိပညာများ မျှဝေခြင်းမှတဆင့် လူမှု သစ်တောပညာနယ်ပယ်၌ အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်ဟူသော အဓိက ပန်းတိုင်နှင့်အတူ လုပ်ဆောင်နေသည့် အစိုးရ ဦးဆောင်သည့် လူမှု သစ်တောကွန်ရက် တစ်ခုဖြစ်ကြောင်း၊ အစိုးရ သစ်တောဆိုင်ရာ မူဝါဒ ရေးဆွဲသူများက အရပ်ဘက် လူ့အဖွဲ့ အစည်း၊ သုတေသန အဖွဲ့အစည်း၊ သင်တန်းကျောင်း၊ ပုဂ္ဂလိက ကဏ္ဍနှင့် ဆက်စပ်သည့် နယ်ပယ်များ၌ ကျွမ်းကျင်သူများမှ အဖွဲ့ဝင်များနှင့် အတူ တိုက်ရိုက် ချိတ်ဆက်ကာ လုပ်ဆောင်နေကြောင်း ကယ်ဒီရွန်က ပြောသည်။
အာဆီယံ အသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်မှုအား ASFN က ထောက်ပံ့ ပေးကြောင်း ကယ်ဒီရွန်က ရှင်းလင်း ပြောကြားခဲ့သည်။
ASFN အား ၂၀၀၅ ခုနှစ် သြဂုတ်လက ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ပြုလုပ်ခဲ့သည့် ၈ ကြိမ်မြောက် သစ် တောပညာဆိုင်ရာ အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၌ အတည်ပြုကာ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.