Connect with us

Social & Culture

အာဆီယံ ခရီးသွား ဖိုရမ် ၂၀၁၉ အား ဗီယက်နမ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ဗီယက်နမ်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ဧည့်သည်များအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဟနွိုင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် အာဆီယံ ခရီးသွား ဖိုရမ် (ATF) အား ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အဆိုပြုလွှာအား ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် ကျန်းဖက် (Nguyen Xuan Phuc) က ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အာဆီယံ နိုင်ငံများအကြား ခရီးသွား လုပ်ငန်း မြှင့်တင်ရန် အရေးကြီးဆုံး အစီအစဉ် တစ်ခုအဖြစ် စဉ်းစားကာ အာဆီယံ ခရီးသွား ဖိုရမ် ပြင်ဆင်ရေး အသေးစိတ် အစီအစဉ်အား စတင်လုပ်ကိုင်ရန် ယဉ်ကျေးမှု၊ အားကစား နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဋ္ဌာန ဝန်ကြီးကို ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် သတင်း အေဂျင်စီ VNA က ဇူလိုင်လ ၆ ရက်၌ ရေးသားထားသည်။
အာဆီယံ ခရီးသွား ဖိုရမ် (ATF) ၌ အာဆီယံ ခရီးသွား ဝန်ကြီးများ အကြား အစည်းအဝေးလည်း ပါဝင်မည် ဖြစ်ပြီး ယင်းအစည်းအဝေးသည် တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ရုရှားနှင့် တောင်ကိုရီးယား နိုင်ငံများမှ ဝန်ကြီးများနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များ အကြား ဆွေးနွေးပွဲ၏ နောက်ဆက်တွဲ ဖြစ်ကြောင်း သိရသည်။
ATF တွင် နှစ်အရှည်ကြာဆုံး အာဆီယံ အပန်းဖြေ ခရီးသွား ကုန်သွယ်ရေး ဖြစ်ရပ်နှင့် အာဆီယံ ခရီးသွား လုပ်ငန်းရှင်များ စုစည်းထားသည့် အကြီးဆုံး ပါဝင်ပြသခြင်း ဖြစ်သည့် ATF Travex (Travel Exchange) ကိုလည်း အသားပေး ဖော်ပြသွားမည်ဟု သိရသည်။
ဒေသဆိုင်ရာ စုစည်းမှု ဖြစ်သည့် ဖိုရမ် ကျင်းပနေစဉ်အတွင်း အာဆီယံနိုင်ငံ အတွင်း ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရန် မည်သို့ လုပ်ဆောင်မည်နည်းဆိုသည့် ဆွေးနွေးမှုများအား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း VNA က ဖော်ပြထားသည်။
အာဆီယံ ခရီးသွား ဖိုရမ်အား နှစ်စဉ် ၁၉၈၁ ခုနှစ်ကစ၍ မလေးရှားနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117