Connect with us

Business

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်ပပြောင်းတင်ပို့မှုလျာထားချက်ကို ပြည်တွင်းပြောင်းထွက်ရှိမှုပေါ်မူ တည်ပြီးဆောင်ရွက်မည်ဟုဆို

ပြောင်းစိုက်ခင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်ပသို့ ပြောင်းတင်ပို့မှုလျာထားချက်ကို ပြည်တွင်းပြောင်းထွက်ရှိမှုပေါ်မူ တည်ပြီးဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝန်ကြီးဌာနထံမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးဦးမျိုးသူက “ပြည်နယ်တိုင်းဒေသကြီးတွေအလိုက် ပြောင်းထွက်ရှိမှုပေါ်မူတည်ပြီး ပြည်ပကို တင်ပို့သွားမှာပါ။ သက်ဆိုင်ရာပြောင်းလုပ်ငန်းအသင်းတွေကလည်း ပြောင်းထွက်ရှိမှု၊ ပြောင်းတင်ပို့မှုနဲ့ ပတ်သက်ပြီးဆောင်ရွက်နေပါတယ်’’ ဟုဆင်ဟွာသို့ အောက်တိုဘာ ၁၃ ရက်တွင်ပြောသည်။

ပြောင်းထွက်ရှိမှုစာရင်းကောက်ယူပြီးမှ ပြည်ပသို့တင်ပို့ရန်လျာထားရခြင်းမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ပြောင်းတန်ချိန် သိန်း၂၀ ကျော် တင်ပို့ခဲ့သောကြောင့်ပြည်တွင်းသုံးစွဲမှုအပေါ်လိုအပ်ချက်များ ရှိခဲ့၍ ထိုသို့ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြောင်းကို ထိုင်းနိုင်ငံက အဓိကဝယ်ယူလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပြောင်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်အများစုတွင်စိုက်ပျိုးကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် တို့တွင်လည်း တိုးချဲ့စိုက်ပျိုးရန်ပြင်ဆင်လျက်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.