Connect with us

China

တရုတ်နိုင်ငံ မှ နိုင်ငံတကာ ငွေပေးချေမှု စနစ်ကို စတင်ဆောင်ရွက်

တရုတ်ငွေကြေး (ယွမ်) (ဆင်ဟွာ)

ရှန်ဟိုင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတကာ ငွေပေးချေမှု စနစ် (CIPS) ၏ ပထမ အဆင့် ကို အောက်တိုဘာလ ၈ ရက်တွင် ရှန်ဟိုင်း ၌ တရားဝင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတကာတွင် တရုတ်ငွေကြေး (ယွမ်) အား တွင်ကျယ်စွာ အသုံးပြု စေရန် လုပ်ဆောင်မှု၏ မှတ်တိုင် တစ်ခု ဖြစ်လာကြောင်း သိရသည်။

အဆိုပါ စနစ်သည် ငွေကြေး အရင်းအနှီး ပေးချေမှုနှင့် ပြည်တွင်း၊ ပြည်ပ ဘဏ္ဍာရေးအဖွဲ့အစည်းများ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ယွမ်ငွေ ပေးချေခြင်း ဝန်ဆောင်မှုများကို ဖြည့်ဆည်း ပေးမည်ဖြစ်ပြီး ငွေကြေး ဖြတ်တောက်မှု မရှိခြင်း နှင့် အချိန်ကုန် သက်သာခြင်း တို့ကြောင့် နိုင်ငံတကာတွင် တရုတ်ငွေကြေး အသုံးပြု မှုကို ပိုမို ထိရောက် တိုးတက်လာ စေရန် လုပ်ဆောင် ပေးနိုင်ကြောင်း တရုတ်နိုင်ငံတော် ဗဟိုဘဏ် ဖြစ်သော် ဥက္ကဌ ဖန်းယီဖေး က ပြောကြားခဲ့သည်။

CIPS စနစ် မပေါ်ပေါက်ခင်က တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ယွမ်ငွေ ပေးချေမှုများကို ဟောင်ကောင်၊ စင်္ကာပူ၊ လန်ဒန်မြို့များရှိ ပြည်ပ ယွမ်ငွေ လဲလှယ်မှု ဘဏ်များ မှ တစ်ဆင့် (သို့) တရုတ် ပြည်မကြီးမှ သက်ဆိုင်ရာ ဘဏ်များ၏ အကူအညီဖြင့် ပြုလုပ်ကြကြောင်း သိရှိရသည်။

ယခု အကောင်အထည် ဖော်လိုက်သော CIPS စနစ်သည် တရုတ်နိုင်ငံ၏ စီးပွားရေး စနစ်ကို ထောက်ပံ့ပေး ခြင်းနှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများ ၏ ပြည်ပ ထိုးဖောက်မှု နည်းဗျူဟာ များ ပိုမိုဖွံ့ဖြိုး လာစေရန် သိသာ ထင်ရှားသည့် အခန်းကဏ္ဍ အဖြစ် ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံတော် ဗဟိုဘဏ်၏ ဦးဆောင်မှု နှင့် စီမံ အုပ်ချုပ်မှု တို့ဖြင့် CIPS စနစ်သည် တရုတ်နိုင်ငံ ၏ ပြည်ပ ဈေးကွက် မှ လုပ်ငန်းများ အား ၎င်းတို့၏ တရုတ် စီးပွားရေး မိတ်ဖက် များနှင့် တိုက်ရိုက် တရုတ် ယွမ်ငွေ ပေးချေမှုများကို နိုင်ငံတကာ အလေ့အထများနှင့် အညီ ရုံးဖွင့်ရက်များ အတွင်း ပေကျင်း စံတော်ချိန် မနက် ၉ နာရီ မှ ည ၈နာရီ အထိ ပြုလုပ်နိုင်ကြောင်း သိရှိရသည်။

တရုတ် ယွမ်ငွေသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ မှစ၍ ကမ္ဘာ့ထိပ်တန်း အသုံးအများဆုံး ငွေကြေး ငါးခုထဲမှ တစ်ခု ဖြစ်လာခဲ့ပြီး ကနေဒါ ဒေါ်လာနှင့် သြစတေးလျ ဒေါ်လာကို ကျော်တက် သွားခဲ့ကြောင်း ကမ္ဘာ့ ငွေကြေး လွှဲပြောင်းမှု ဝန်ဆောင်မှုများ အဖွဲ့အစည်း SWIFT ၏ ထုတ်ပြန်ချက် အရသိရသည်။

မကြာသေးမီ နှစ်များအတွင်း က တရုတ်နိုင်ငံသည် နိုင်ငံတကာတွင် ယွမ်ငွေ သုံးစွဲမှု မြင့်မားလာ စေရန် အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့သည်။ တရုတ်နိုင်ငံတော် ဗဟိုဘဏ် သည် တရုတ်နိုင်ငံ နှင့် ယွမ်ငွေ ပေး ချေမှု လုပ်ဆောင် နိုင်သည့် နိုင်ငံတကာ ဘဏ် ၁၄ ကို လုပ်ဆောင် နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)