Connect with us

China

တရုတ်နိုင်ငံ အိမ်ခြံမြေ ဈေးကွက် ပြန်လည် ကောင်းမွန်လာ

တရုတ်နိုင်ငံ၏ အိမ်ခြံမြေ အရောင်းပြခန်း တစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

သုတေသန ပြုထားသော မြို့များတွင် လအလိုက် မြင့်တက်လာသော အိမ်ခြံမြေ ဈေးနှုန်းများအရ တရုတ်နိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်သည် သြဂုတ်လအတွင်း ပြန်လည် မြင့်တက်လာခဲ့ကြောင်း သိရသည်။

အကြီးစားနှင့် အလယ်အလတ်တန်းစား ရှိသောမြို့ပေါင်း ၇၀ အား သုတေသန ပြုထားချက်အရ ယခုလတွင် မြို့ပေါင်း ၃၅ မြို့မှ အိမ်ခြံမြေ ဈေးနှုန်းများသည် တက်လာခဲ့ကြောင်း အမျိုးသား ဗဟိုစာရင်းအင်းဌာန (National Bureau Statistics=NBS) ထုတ်ပြန်ချက်အရ သိရသည်။

နှစ်အလိုက် တင်ပြရလျှင် မြို့ပေါင်း ၆၂ မြို့က အိမ်အသစ် ဈေးနှုန်းများကတော့ ကျဆင်းခဲ့ပြီး ရှန်ဇန်းမှာတော့ ၃၁.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

အိမ်အဟောင်း (လူနေပြီးသားအိမ်) ဈေးများကို ကြည့်မည်ဆိုလျှင် သြဂုတ်လ အတွင်း မြို့ ၁၆ မြို့မှ ဈေးနှုန်းများ ကျဆင်း၍ ၁၁ မြို့တွင် ဈေးနှုန်းများ အေးနေပြီး ၄၃မြို့မှာတော့ အိမ်ခြံမြေမှ အမြတ်အစွန်း ရရှိခဲ့ကြောင်း တွေ့ရပါလိမ့်မည်။NBS ၏ စာရင်းအင်း ပညာရှင် လျူကျန်းဝေ့က အိမ်အသစ်ရော လူနေထိုင်လျက် ရှိသော အိမ်နှစ်မျိုးလုံးရှိ ဈေးနှုန်းများ မြင့်တက်နေသော မြို့အရေအတွက်သည် လစဉ် စာရင်းများအရ သြဂုတ်လတွင် ပိုများလာကြောင်း သိရသည်။

ဈေးကွက် တောင်းဆိုမှု မြင့်မားနေသော ထိပ်တန်း အဆင့်ရှိမြို့၏ ဈေးနှုန်းများကတော့ နှစ်အလိုက် သိသိ သာသာ မြင့်တက်နေတာ တွေ့ရပါလိမ့်မည်။ ဒုတိယအဆင့်ရှိသော မြို့များမှာတော့ အိမ်အသစ်ရော အဟောင်း ဈေးနှုန်းများမှာ မျှနေပြီး တတိယအဆင့်ရှိ မြို့များရှိအိမ်ဈေးနှုန်းများကတော့ ဆက်လက် ကျဆင်းနေ တာ တွေ့ရပါလိမ့်မည်။

တရုတ်အိမ်ခြံမြေ ဈေးကွက်သည် ရောင်းမထွက်သောအိမ် များပြားလာမှုနှင့် ဈေးကွက် ဝယ်လိုအား နည်းခဲ့သောကြောင့် ၂၀၁၄ ခုနှစ်တွင် ဈေးကွက်အကျဘက်သို့ ရောက်ခဲ့သည်။ ၂၀၁၅ ခုနှစ်မှာလည်း ဈေးကွက်ဆက်လက် အေးနေ ခဲ့ပြီး ရောင်းအားရော ဈေးနှုန်းများပါ ကျဆင်းခဲ့၍ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများလည်း နှေးကွေးခဲ့သည်။

ထိုသို့သော ဈေးကွက်နှေးကွေးမှု များအား တိုက်ဖျက်ရန် တရုတ်နိုင်ငံတော် ဗဟိုဘဏ်သည် နိုဝင်ဘာလကစပြီး အတိုးနှုန်းများ လေးကြိမ်လျှော့ချခဲ့ခြင်း၊ ဘဏ်၏ reserve requirement ratio ကိုလည်း ဖေဖော်ဝါရီလက စ၍ နှစ်ကြိမ် လျှော့ချပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။
အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုသည် နှစ်အလိုက် မြင့်တက်နေပြီး ယခုနှစ် သြဂုတ်လအထိ ယွမ် ၆.၁၁ ထရီလီယံ (အမေရိကန် ဒေါ်လာ ၉၅၉.၁၈ မီလီယံ) ရှိခဲ့ကြောင်း NBS စာရင်းများအရ သိရပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117