Connect with us

Social

ဒလတံတား စီမံကိန်းကြောင့် မြေများ အရောင်းအဝယ် သွက်ကာ ဈေးနှုန်း မြင့်တက်

လက်ရှိတွင် ရန်ကုန်နှင့် သွားလာရေးအတွက် အဓိက အားထားနေရသော ကူးတို့သင်္ဘောတစ်စီးကို ဒလဘက်ဆိပ်ကမ်းတွင် တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတား စီမံကိန်း စတင်လိုက်သည့် ရက်ပိုင်းအတွင်း ဒလမြို့နယ် အတွင်းရှိ မြေများ အရောင်းအဝယ် သွက်ကာ ဈေးနှုန်းများ မြင့်တက်လာကြောင်း ဒလမြို့နယ် အတွင်းရှိ အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။

ဒလမြေများသည် ကာလ အတန်ကြာ အရောင်းအဝယ် ငြိမ်နေပြီး စီမံကိန်း စတင်သည့် ရက်ပိုင်းအတွင်း အရောင်းအဝယ်များ ပြန်လိုက်လာကာ ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း ဒလအိမ်ခြံမြေ အကျိုးဆောင် တစ်ဦးကဆိုသည်။

ဒလ မြို့နယ်အတွင်းရှိ ၂၅×၅၀ စတုရန်းပေ အကွက်များသည် ယခင် သိန်း ၃၀၀ ဝန်းကျင်မှ ယခုအခါ သိန်း ၅၀၀ ဝန်းကျင်မှ သိန်း ၈၀၀ အထိလည်းကောင်း၊ နေရာကောင်း ခြံကွက်ကျယ်များသည် သိန်း ၁,၀၀၀ ဝန်းကျင် လောက်ထိ လည်းကောင်း ပေါက်ဈေးများ ရှိနေကြောင်း ၎င်းက ဆိုသည်။

စီမံကိန်းနယ်မြေနှင့် မလွတ် ကင်းသည့် မြေပိုင်ရှင် အိမ်ထောင်စု ၆၅ စုကို ဒလမြို့နယ် ကမာကဆစ် ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၁၇ ရက်က တံတား စီမံကိန်း စတင်ခြင်းနှင့် ထောက်ပံ့ကြေး ပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတား စီမံကိန်းမှာ အမေရိကန် ဒေါ်လာ ၁၆၈ သန်းကျော် ကုန်ကျမည် ဖြစ်ပြီး တံတား တည်ဆောက်ရေး စီမံကိန်း ကာလသည် ငါးနှစ်ဖြစ်ကြောင်း၊ တံတား အရှည်သည် ၆,၁၄၃ ပေ၊ ပင်မတံတား အရှည် ၁,၉၃၆ ပေရှိကာ လေးလမ်းသွား သံမဏိ ကြိုးဆိုင်း တံတား ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117