Connect with us

Local

ပုလဲရောင်းချပွဲပေါင်း ၉၀ ကျင်းပနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၄ ဒသမ ၇၈ သန်းရရှိ

ကျင်းပသည့် Myanmar Pearl Auction (August-2017) ပွဲ ပုလဲများရောင်းချနေမှု အားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ပြည်တွင်း၌ နိုင်ငံခြားငွေဖြင့် ပုလဲရောင်းချပွဲများကို ၁၉၆၄ ခုနှစ်မှစတင်၍ ယနေ့ အထိ ပွဲပေါင်း ၉၀ ကျင်းပ ရောင်းချနိုင်ခဲ့ပြီး နိုင်ငံတော်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၄ ဒသမ ၇၈ သန်းရရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်တွင်လည်း၂၀၁၀ ခုနှစ်မှ စတင်ရောင်းချခဲ့ရာ ယခု ကျင်းပသည့် Myanmar Pearl Auction (August-2017) ပွဲ အပါ အဝင် စုစုပေါင်း ၈ ပွဲကိုအောင်မြင် စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။Myanmar Pearl Auction (August-2017) ပုလဲရောင်းချပွဲကို သြဂုတ် ၁၈ ရက် မှ ၂၀ ရက်အထိ နေပြည်တော်ရှိ မြန်မာ့ကျောက်မျက် ရတနာပြတိုက် (နေပြည်တော်) မြေညီထပ်၌ ကျင်းပပြီး ပုလဲအတွဲပေါင်း ၂၇၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြ ရောင်းချခဲ့ရာ ရာခိုင်နှုန်းပြည့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပုလဲအတွဲ ၂၇၀ သည် နိုင်ငံပိုင်ပုလဲ အတွဲများ ဖြစ်ပြီး တန်ဖိုးငွေယူရို (၂,၃၃၉,၇၄၃) ဖြင့် ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။Myanmar Pearl Auction (August-2017)တွင် ပြည်တွင်း ပြည်ပ ပုလဲကုမ္ပဏီ ၆၂ ခုမှ ကုန်သည် ၁၈၉ ဦး တက်ရောက် ဝယ်ယူအားပေး ခဲ့ကြကြောင်း၊ Myanmar Pearl Auction (2018) ကို နေပြည်တော်၌ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117