Connect with us

Local

မြန်မာနိုင်ငံမှ လူသုံးအများဆုံး ဝက်ဘ်ဆိုဒ်များတွင် အရောင်း အဝယ်နှင့် ကြော်ငြာ ဝက်ဘ်ဆိုဒ်များ ပါဝင်လာ

အရောင်း အဝယ် ဝက်ဘ်ဆိုဒ် အသုံးပြုနေသူတစ်ဦး (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘာတဝန်းရှိ ဝက်ဘ်ဆိုဒ်များ၏ အသုံးပြုသူ အရေအတွက်နှင့် အသုံးပြုနှုန်းကို တွက်ချက်ပေးသည့် ဝက်ဘ်ဆိုဒ် Similarweb.com ၏ ယခုနှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ အသုံးပြုသူ ဦးရေအများဆုံး ထိပ်တန်း ဝက်ဘ်ဆိုဒ် ၁ဝဝ စာရင်းတွင်ပြည်တွင်းမှ E-commerce နှင့် Classified ဝက်ဘ်ဆိုဒ် အချို့ ပါဝင်ကြောင်း ၎င်းတို့ဝက်ဘ်ဆိုဒ်တွင် တရားဝင် ဖော်ပြထားသည်။

ထိပ်တန်း ဝက်ဘ်ဆိုဒ်များ အတွင်း ပါဝင်ခဲ့သည့် ပြည်တွင်း ဝက်ဘ်ဆိုဒ် များတွင် အများဆုံးမှာ သတင်း ဝက်ဘ်ဆိုဒ်များ ဖြစ်ပြီး အလုပ်အကိုင် ရှာဖွေ ခြင်းနှင့်၊ E-commerce ဝက်ဘ်ဆိုဒ် များလည်း ယခုနှစ်တွင် ပါဝင်လာကြောင်း အဆိုပါ ဝက်ဘ်ဆိုဒ်တွင် ဖေါ်ပြထားသည်။

အဆိုပါ ထိပ်တန်း ၁ဝဝ စာရင်းတွင် ပါဝင်လာသည့် အွန်လိုင်းမှ ဈေးရောင်း ချသည့် e-commerce ဝက်ဘ်ဆိုဒ်များမှာ ပြည်တွင်းမှ com.mm ဝက်ဘ်ဆိုဒ်များ ဖြစ်သော shop.com.mm၊ kaymu.com.mm နှင့်ads.com.mm တို့ဖြစ်ပြီး အလုပ်အကိုင် ရှာဖွေရေး ကြော်ငြာများ ဖော်ပြသည့် ဝက်ဘ်ဆိုဒ် ဖြစ်သော work.com.mm ဝက်ဘ်ဆိုဒ်လည်း ပါဝင်နေသည်။ ထိပ်ဆုံးဝက်ဘ် ဆိုဒ် ၅ဝ စာရင်းတွင်မူ ပြည်တွင်းမှ သတင်း ဝက်ဘ်ဆိုဒ် များက ထိပ်ဆုံး တွင်ရှိကာ ဟာသများ၊ ဟာသ ဓာတ်ပုံများ စုစည်း ဖော်ပြသည့် ဝက်ဘ်ဆိုဒ်များ၊ ဗီဒီယိုများ မျှဝေသည့် ဝက်ဘ်ဆိုဒ ်များလည်း ပါဝင်နေကြောင်း သိရသည်။

အများဆုံး အသုံးပြုသည့် ဝက်ဘ်ဆိုဒ်မှာ ရှာဖွေရေး အင်ဂျင် google.com ဖြစ်ပြီး ဆိုရှယ် ဝက်ဘ်ဆိုဒ် ဖြစ်သည့် facebook.com ဒုတိယနေရာ တွင်ရှိကာ ဂူဂဲလ်ကို မြန်မာဘာသာ ပြန်ထားသည့် google.com.mm က တတိယ နေရာတွင် ရှိနေသည်။ နာမည်ကျော် ဗွီဒီယို ဝက်ဘ်ဆိုဒ် ဖြစ်သည့် Youtube.com က စတုတ္ထ နေရာတွင် ရှိကာGmail.com အဆင့် ၁၁ နေရာတွင် ရှိနေသည်။

ပြည်တွင်း ဝက်ဘ်ဆိုဒ် များတွင် ထိပ်ဆုံး နေရာတွင်ရှိနေသည့် ဝက်ဘ်ဆိုဒ် မှာ နာမည်ကြီး သတင်းဝက်ဘ်ဆိုဒ် ဖြစ်သည့် thithtoolwin.com ဖြစ်ပြီး Gmail ၏နောက် အဆင့် ၁၂ နေရာတွင် ရှိနေသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အွန်လိုင်း အသုံးပြုနေသူပေါင်း ၁၉ သန်းခန့်အထိ ရှိလာပြီး အွန်လိုင်းပေါ်မှ ဈေးရောင်းချသည့် စီးပွားရေး လုပ်ငန်းကို လုပ်ကိုင် နေသူပေါင်း ၄ဝဝ ကျော်ခန့် ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အွန်လိုင်းပေါ်မှ ဈေးရောင်းသူများတွင် အများစုမှာ Facebook Page များပြုလုပ်ကာ တစ်ပိုင် တစ်နိုင် စီးပွားရေး လုပ်ငန်း ပုံစံမျိုးဖြင့် လုပ်ကိုင်ကြခြင်း ဖြစ်ပြီး Facebook Page ၏ ၇၄ ရာခိုင်နှုန်းခန့် မှာ စီးပွားဖြစ် လုပ်ကိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.