Connect with us

Local

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က (၁၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် လုပ်ငန်းစုစုပေါင်း (၁၂)ခု ခွင့်ပြုခဲ့

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က (၁၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က (၁၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး တွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သယ်ယူပို့ ဆောင်ရေးကဏ္ဍနှင့် သတ္တုကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း (၁၂)ခု ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အစည်းအဝေးတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သယ်ယူပို့ ဆောင်ရေးကဏ္ဍနှင့် သတ္တုကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း (၁၂)ခု ခွင့်ပြုခဲ့ပြီး အဆိုပါလုပ်ငန်း များ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၇၄.၂၄၇) သန်းနှင့် ကျပ် (၆၂,၇၇၅.၇၇၂) သန်း ရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင်အခွင့် အလမ်းပေါင်း (၂,၉၀၉) နေရာကို ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၉)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117