Connect with us

Local

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ လုပ်ငန်း ၆ ခု ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၇/၂၀၁၈) ကြိမ်မြောက် အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများအပါဝင် လုပ်ငန်း ၆ ခုအား ကော်မရှင်၏ (၁၇/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုအစည်းအဝေးတွင် တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများမှ ပညာရေး ဝန်ဆောင်မှု လုပ်ငန်း (၄)ခု၊ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း (၁)ခု၊ နှင့် IT Wholesale and Retail လုပ်ငန်း (၁)ခု စုစုပေါင်း လုပ်ငန်း (၆)ခု တို့အား ခွင့်ပြုခဲ့ကြောင်း သိရသည်။ထိုခွင့်ပြုခဲ့သည့် လုပ်ငန်းများမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၉၀၀ ကျော် ဖန်တီး ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၇/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးအား အောက်တိုဘာ ၁၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း နှင့် အဖွဲ့ ဝင် ၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)