Connect with us

Local

မြန်မာ့ ပျားရည် ထုတ်လုပ်မှု တိုးတက်စေရေး အတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ ဆောင်ရွက်မည် ဟုဆို

တရုတ်နိုင်ငံရှိ ပျားမွေးမြူရေး လုပ်ငန်းတစ်ခု (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ပျားရည် ထုတ်လုပ်မှု လိုအပ်ချက်များ ရှိနေသည့် မြန်မာ့ ပျားရည် ထုတ်လုပ်မှု လုပ်ငန်းများကို တိုးတက်ဖွံ့ဖြိုး လာစေရန် တရုတ်နိုင်ငံနှင့် ချိတ်ဆက် ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ပျားလုပ်ငန်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင် ထံမှသိရသည်။

ယခုနှစ် သြဂုတ်လထိ မြန်မာနိုင်ငံတွင် မွေးမြူလျက် ရှိသည့် ပျားအုံ အရေအတွက် မှာ တစ်သိန်းကျော်သာ ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် ပူးပေါင်း ချိတ်ဆက်၍ ဆောင်ရွက်မည့် စီမံချက်တွင် ငါးနှစ်အတွင်း ပျားအုံ ၁ဝ သိန်းကျော် မွေးမြူနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ပျားလုပ်ငန်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင် ကဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် တရုတ်နိုင်ငံမှ ဖိတ်ခေါ်သည့် အတွက် ဌာန ကိုယ်စားပြုပြီး စီချွမ် ပြည်နယ်ကို လေ့လာရေး သွားခဲ့ကြောင်း၊ စီချွမ် ပြည်နယ် တစ်ခုထဲ မှာတင် ပျားအုံ အရေအတွက် သုံးသိန်းကျော် ရှိပြီးတော့ တစ်နှစ်ဝင်ငွေ အမေရိကန် ဒေါ်လာ တစ်ဘီလီယံ ရှိတယ်လို့ သိခဲ့ရကြောင်း၊ မြန်မာ တစ်နိုင်ငံလုံးတွင် မွေးမြူရေး ပျားအုံ တစ်သိန်းကျော် ပဲရှိပြီး မန္တလေးတိုင်း ဒေသကြီး အနေနဲ့ မွေးမြူရေး ပျားအုံ ငါးသောင်း ကျော် ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပျားလုပ်ငန်းအတွက် အခြေခံ လိုအပ်ချက် ဖြစ်သည့် သစ်တော ၊ သစ်ပင် ၊ စိုက်ခင်းတွေ လုံလုံ လောက်လောက် ရှိသော်လည်း ပျားလုပ်ငန်းကို တိုးချဲ့ မလုပ်ကိုင် နိုင်သေးတာကို တိုးချဲ့ လုပ်ကိုင်ဖို့ စီစဉ် နေကြောင်း ၎င်းကဆိုသည်။ (Xinhua)