Connect with us

Local

ကမ္ဘာ့ဘဏ် ချေးငွေ ဒေါ်လာ သန်း ၄၀၀ ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု

ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတထံမှ ပေးပို့သော မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန နှင့် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနတို့ အတွက် ကမ္ဘာ့ဘဏ် ထံမှ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ချေးယူခွင့်နှင့် စပ်လျဉ်း၍ ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ဒေါ်မိမြင့်သန်းက “ကန့်ကွက်မဲ ၃ ၊ ၄မဲ လောက်ပဲ ရှိမယ်။ အားလုံးက လျှပ်စစ်မီးကို ရစေချင်ကြတာလေ။ ဒါကြောင့် ဝိုင်းထောက်ခံကြတာပါ’’ ဟု ပြောသည်။

အဆိုပါ ချေးငွေ ဒေါ်လာသန်း ၄၀၀တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အတွက် ဒေါ်လာသန်း ၉၀၊ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနတို့ အတွက် ဒေါ်လာ သန်း ၃၁၀ အား ချေးယူရန် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ချေးငွေသည် နှစ် ၄၀ ချေးငွေ ဖြစ်ပြီး၊ စတင် ချေးစဉ်တွင် အတိုးမဲ့ ချေးရမည် ဖြစ်ပြီး၊ နောက်ပိုင်း လိုအပ်သည့် အချိန်တွင် အတိုး ဝ.၀၁ ရာခိုင်နှုန်း ပေးရမည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117