Connect with us

Local

စွမ်းအင် ဝန်ကြီးဌာနမှ ပြည်ပ ရေနံကုမ္ပဏီနှင့် အကျိုးတူ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို လုပ်ဆောင်ရန် ပြင်ဆင်နေဟုဆို

ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

စွမ်းအင် ဝန်ကြီးဌာနမှ ၂ဝ၁၆ ခုနှစ်တွင် ပြည်ပ ရေနံ ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းကာ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို ပြန်လည် လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

စွမ်းအင် ဝန်ကြီးဌာန အနေဖြင့် စက်သုံးဆီ ဖြန့်ဖြူး ရောင်းချမှုကို ၂ဝ၁၁ ခုနှစ်တွင် ရပ်နားထားခဲ့ပြီး ယခုအခါ ပုဂ္ဂလိက ဈေးကွက် အတွင်း တစ်ကျော့ပြန် လုပ်ကိုင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခွင့်ပြုချက် ရရှိသည်နှင့် တစ်ပြိုင်နက် ဖိတ်ခေါ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာ့ ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ စွမ်းအင် ဝန်ကြီးဌာန အနေဖြင့် အကျိုးတူ ပူးပေါင်းမည့် ကုမ္ပဏီ တစ်ခုတည်းကိုသာ ရွေးချယ်မည် ဖြစ်ပြီး လုပ်ငန်း ခိုင်မာမှု အာမခံချက် အတွက် သက်ဆိုင်ရာ နိုင်ငံ သံရုံး၏ ထောက်ခံချက် တောင်းယူမည် ဖြစ်သည်။

တင်ဒါ ယှဉ်ပြိုင်မှုနှင့် စိစစ် အကဲဖြတ် ကာလမှာ လနှင့်ချီ ကြာမြင့်နိုင်ပြီး ၂ဝ၁၆ ခုနှစ် နှစ်ဆန်းတွင် ရွေးချယ် ခံရသော ကုမ္ပဏီနှင့် လုပ်ငန်း စတင် လည်ပတ် နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ပြည်တွင်းတွင် ဖွင့်လှစ်ခွင့် ရရှိထားသော ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်မှာ ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်း အထိ ဆိုင်အရေ အတွက် ၁,၁ဝဝ ကျော်သာ ရှိခဲ့ရာမှ ယခု နောက်ဆုံး စာရင်းအရ ၁,၅၉၉ ဆိုင် ရှိလာခဲ့ပြီး ယခုနှစ် အတွင်း ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ၅ဝဝ ခန့် တိုးချဲ့ ဖွင့်လှစ် နိုင်ခဲ့ကြောင်း စွမ်းအင် ဝန်ကြီးဌာန ထုတ်ပြန်ခဲ့သည့် စာရင်း ဇယားများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.