Connect with us

Local

အစိုးရသစ် လက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမို တိုးတက်ရရှိ

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၃ ရက်(ဆင်ဟွာ)

အစိုးသစ်လက်ထက်တွင် ရရှိခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ယခင် ၂၈ နှစ်တာအတွင်း ရရှိခဲ့မှုနှင့် နှိုင်းယှဉ်ပါက ပိုမို တိုးတက်လာကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“အစိုးရသစ်လက်ထက် ၂၀၁၆ခုနှစ် ဧပြီလကနေ ၂၀၁၈ ခုနှစ် မတ်လ ကုန်အထိ နှစ်နှစ်တာကာလ အတွင်း ခွင့်ပြုပေးခဲ့တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏဟာ စုစုပေါင်းဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် မတ်လ ကုန်အထိ ခွင့် ပြုပေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၁၆ ဒသမ ၁၅ ရာခိုင်နှုန်း ဖြစ်တဲ့ အတွက် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှာ တိုးတက်မှုရှိကြောင်းတွေ့ရှိရပါတယ်” ဟု ယနေ့ ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမ အစည်းအဝေးတွင် ကရင်ပြည်နယ် လှိုင်းဘွဲ့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို မေးခွန်းအား ၎င်းက ဖြေကြားရာတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို မေးခွန်းမေးမြန်းစဉ် (ဆင်ဟွာ)

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင် ပြန်လည် ဖြေကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၁၉၈၈ ခုနှစ်မှာ စတင် ပြဌာန်းခဲ့ကြောင်း၊ ထိုသို့ ပြဌာန်းပြီးချိန်မှ ၂၀၁၆ မတ်လ ၃၁ ရက်နေ့အထိ ၂၈ နှစ်တာကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၁၁၀ ခုတို့ကို ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ ၆၃ ဒသမ ၇၂ ဘီလျံ ရှိကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ နှစ်နှစ်တာကာလအတွင်းမှာ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းနှင့်ဆောက်လုပ်ရေး လုပ်ငန်းတို့မှအပ စိုက်ပျိုးရေး ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ် ငန်း ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍ စသည့် လုပ်ငန်းကဏ္ဍ ၁၀ ခုတို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၆၀ ခု ဝင်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃၇ ဘီလျံ ဖြစ်ပါကြောင်းလည်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။

ထို့အပြင် ၎င်းက “မြန်မာနိုင်ငံမှာ လုပ်ငန်းများ ဆောင်ရွက်နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအနက် MIC ပါမစ် ခွင့်ပြုမိန့်နဲ့ ဆောင်ရွက်နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနဲ့ ပတ်သက်ပြီးတော့ တည်ဆဲ ဥပဒေ၊ စာချုပ် စည်းကမ်း မလိုက်နာမှု၊ အခွန်တိမ်းရှောင်မှုများကြောင့် လုပ်ငန်း ပိတ်သိမ်းရန် အရေး ယူခဲ့မှု မရှိခဲ့ကြောင်း တင်ပြအပ်ပါတယ်”ဟုလည်း ပြောခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှာ ပိုမိုရင်းနှီးမြှုပ်နှံလာစေရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)က ဆောင်ရွက်လျက်ရှိရာ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ဆေးများ စိုက်ပျိုး ထုတ်လုပ်ခြင်းမှ လွဲ၍ လယ်ယာစိုက်ပျိုးရေး၊ သစ်တော စိုက်ပျိုး ပြုစုရေးနှင့် အခြား သစ်တောလုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူ ရေး လုပ်ငန်းများ၊ ရေထွက်ပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ၎င်းတို့နှင့် ဆက်စပ်လျက်ရှိသော ဝန်ဆောင်မှု လုပ်ငန်းများကို ဦးစားပေး မြှင့်တင်ရမည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ အဖြစ် သတ်မှတ်ထား ကြောင်း၊ ထိုကဲ့သို့ဦးစားပေး မြှင့်တင်မည့်ကဏ္ဍများမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် လုပ်ငန်းဆောင် ရွက်သည့် ဒေသအပေါ် မူတည်ပြီး ဝင်ငွေခွန် ကင်းလွတ်ခွင့် သုံးနှစ်မှ ခုနစ်နှစ်အထိ လျှောက်ထား ခံစားခွင့် ရရှိမှာ ဖြစ်ကြောင်း၊ ထို့အပြင် စိုက်ပျိုး ထုတ်လုပ်မှု ဝန်ဆောင်မှုနှင့် စိုက်ပျိုးရး အခြေခံ တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းများ၊ တိရစ္ဆာန် မွေးမြူရေး လုပ်ငန်းများ၊ ရေထွက်ပစ္စည်း မွေးမြူ ထုတ် လုပ်ခြင်း လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အဆိုပြုတင်ပြလာပါက ဦးစားပေး ဆောင်ရွက်သွားမည့် လုပ်ငန်းများ အဖြစ် သတ်မှတ်ထားပြီး MIC နှင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရ အဖွဲ့များကလည်း လိုအပ်သည်များကို ပံ့ပိုး ကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ရှင်းပြခဲ့ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.