Connect with us

Local

အလုပ်သမားများ အခြေခံလစာ ကျပ် ၅၆၀၀အထိ တိုးမြှင့်ရရှိရေး ဆွေးနွေး

ပြည်တွင်းအထည်ချုပ်စက်ရုံတစ်ခုတွင် အခြေခံ အလုပ်သမားများ အလုပ်လုပ်ကိုင်နေကြစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ အလုပ်သမားများအား အနိမ့်ဆုံးလုပ်ခငွေကျပ် ၃၆ဝဝ မှ ၅၆ဝဝ အထိ တိုးမြှင့် သတ်မှတ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး စက်မှုဇုန် ဦးဆောင် ကော်မတီမှ ပူးတွဲအလှည့်ကျ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။

အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်ခငွေကျပ် ၅၆ဝဝ တိုးမြှင့် သတ်မှတ်နိုင်စေရေး အတွက် နိုင်ငံ တော်အစိုးရအနေဖြင့် ဆန္ဒရှိထားပြီး လုပ်ငန်းရှင်များဘက်မှ အဆင့်သင့်ဖြစ်၊ မဖြစ်ကို တွေ့ဆုံဆွေးနွေးထားကြောင်း ၎င်းက ဆိုသည်။

၂ဝ၁၇ ခုနှစ်အတွင်း အနိမ့်ဆုံးလုပ်ခ တိုးမြှင့်နိုင်စေရေးအတွက် ဆွေးနွေးမှုများကို အကြိမ်ကြိမ် ထပ်မံလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဦးအေးသောင်းက ပြောကြားသည်။

ယင်း အလုပ်ရှင်၊ အလုပ်သမားများ အတွက် စက်မှုဇုန် ဦးဆောင် ကော်မတီမှ ကြားနေအဖြစ် ပါဝင်ဆွေးနွေးခဲ့ပြီး လုပ်ခလစာ တိုးမြှင့်မည်ဆိုပါက အလုပ်သမားများ အနေဖြင့် တိုးမြှင့်ပေးသည့် လုပ်ခအတိုင်း အပြည့်အဝ ခံစားရရှိ လုံလောက်စေရေးအတွက် နောက်ဆက်တွဲ အနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်လာသည့် အခြေအနေများကို ထိန်းညှိပေးရန် တင်ပြထားသည်။

အဆိုပါ အနိမ့်ဆုံးလုပ်ခငွေကျပ် ၅၆ဝဝ တိုးမြှင့် သတ်မှတ်နိုင်ရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အလုပ်သမား ဥပဒေရေးရာ ဌာနနှင့် အတူ လုပ်ငန်းရှင်၊ အလုပ်သမား အဖွဲ့အစည်းများ ပါဝင်သော စက်မှုဇုန်များ အနေဖြင့် မကြာ သေးမီ ကာလအတွင်းက နေပြည်တော်တွင် နှစ်ကြိမ်တွေ့ဆုံ ဆွေးနွေးထားသည်။

အလုပ်သမားများအတွက် လက်ရှိသတ်မှတ်ထားသော အနိမ့်ဆုံးလုပ်ခငွေ ကျပ် ၃၆ဝဝ မှာ တစ်နှစ်ကျော် လာပြီဖြစ်ပြီး နိုင်ငံတော်၏ မူသဘောအရ နှစ်နှစ်ပြည့်ပါက အနိမ့်ဆုံးလုပ်ခ တိုးမြှင့်ရေးအတွက်လည်း အစီအစဉ်ရှိထား ပြီးဖြစ် သောကြောင့် ယခုအခါ အနိမ့်ဆုံး လုပ်ခ တိုးမြှင့်စေရေးအတွက် ဆွေးနွေး ညှိနှိုင်းလျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.