Connect with us

Local

ကျေးလက်ဒေသ မီးလင်းရေး စီမံကိန်း နှင့် ဒီဇယ် စက်ခေါင်းစက်ရုံ (ရွာထောင်) စီမံကိန်းတို့အတွက် သဘော တူညီချက် စာချုပ်များ လက်မှတ်ရေးထိုး

စီမံကိန်းများအတွက် သဘော တူညီချက် စာချုပ်များ လက်မှတ်ရေးထိုးစဉ်(ဓာတ်ပုံ-မွေးရေ/ကျေးလက်)

ရန်ကုန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

ကျေးလက်ဒေသ မီးလင်းရေး စီမံကိန်းနှင့် ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) စီမံကိန်း တို့အတွက် ငွေကြေး သဘောတူညီချက်စာချုပ်၊ ချေးငွေသဘောတူညီချက်စာချုပ်နှင့် သီးခြား သဘော တူညီချက် စာချုပ်များအား ယနေ့ဇွန် ၁၄ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ကျေးလက်ဒေသ မီးလင်းရေး စီမံကိန်းနှင့် ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) စီမံကိန်းတို့အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန တို့နှင့် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသမီးလင်းရေးစီမံကိန်းအတွက် “ငွေကြေး သဘောတူညီချက် စာချုပ်” အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်နှင့် ဂျာမန်ဖွံ့ဖြိုးရေး ဘဏ် (KfW) မှ Director ဖြစ်သူ Dr. Christine Heimburger နှင့် Interim Country Director ဖြစ်သူ Mr. Lorenz Gessner တို့က လည်းကောင်း၊ “သီးခြားသဘောတူညီချက်စာချုပ်” အား ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) မှ Director ဖြစ်သူ Dr. Christine Heimburger နှင့် Interim Country Director ဖြစ်သူ Mr. Lorenz Gessner တို့က လည်းကောင်း လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

ဒီဇယ်စက်ခေါင်း စက်ရုံ (ရွာထောင်) စီမံကိန်းအတွက် “ချေးငွေသဘောတူညီချက် စာချုပ်” အား ငွေတိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းနှင့် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) မှ Director ဖြစ်သူ Dr. Christine Heimburger နှင့် Interim Country Director ဖြစ်သူ Mr. Lorenz Gessner တို့က လည်းကောင်း၊ “သီးခြားသဘောတူညီချက်စာချုပ်” အား မြန်မာ့မီးရထား၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းနှင့် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) မှ Director ဖြစ်သူ Dr. Christine Heimburger နှင့် Interim Country Director ဖြစ်သူ Mr. Lorenz Gessner တို့က လည်းကောင်း လက်မှတ်ရေးထိုးကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.