Connect with us

Local

စပါး အခြေခံ ဈေး သတ်မှတ်ရာတွင် ဓမ္မဓိဋ္ဌာန်ကျဖို့ လိုအပ်


နေပြည်တော်၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ)

တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်ရေးအတွက် အစိုးရက နှစ်စဉ် သတ်မှတ်ပေးလျက်ရှိသော ဆန်စပါး အခြေခံ ဈေးနှုန်းသည် ဓမ္မဓိဋ္ဌာန်ကျဖို့ လိုအပ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့သည်။

“ဒီအခြေခံဈေးနှုန်းသတ်မှတ်မှုဟာဆိုလို့ရှိရင် အလွန်ထိလွယ်ရှလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ မိမိတို့အနေနဲ့ဖြစ်နိုင်တဲ့ လက်တွေ့ကျတဲ့ ဓမ္မဓိဋ္ဌာန်ကျတဲ့ ဈေးနှုန်း ကို သတ်မှတ်ပေးဖို့ဖြစ်ပါတယ်။ ဒီဈေးနှုန်းထက် ကျော်လွန်ဖြစ်ပေါ်လာမှုဟာ ကောင်းမွန်သောလည်းပဲ ဒီဈေးနှုန်းထက် ကျတယ်ဆိုလို့ရှိရင်တော့ နိုင်ငံရေးအကျိုးဆက်တွေ ဖြစ်လာနိုင်ပြီးတော့မှ ပြီးခဲ့တဲ့ နွေရာသီမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြမှုမျိုးတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်” ဟုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်၃ တွင် ယနေ့ ကျင်းပသည့် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်တင်ပြရေး လုပ်ငန်းကော်မတီ အစည်းအဝေး၌ ဒုတိယဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး ပြောကြားနေစဉ် (ဆင်ဟွာ)

ထို့အပြင် လာမည့် ၂၀၂၀ ခုနှစ်သည် ရွေးကောက်ပွဲနှစ်ဖြစ်သောသောကြောင့် အခြေခံဈေးနှုန်းသတ်မှတ်ရာတွင် ပိုမိုဂရုပြုဆောင် ရွက်ပေးဖို့ လိုအပ်ကြောင်း၊ အခြေခံဈေးနှုန်းသည် တောင်သူများရော ကုန်သည် လုပ်ငန်းရှင်များပါ အကျိုးရှိ နိုင်တဲ့ Win Win Prize ဖြစ်ဖို့အတွက် မှန်မှန်ကန်ကန်တွက်ချက်ရန်လိုအပ်ကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီက တွက်ချက်ထားငော ဆန်စပါးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အခြေခံဈေးနှုန်းကို ဦးဆောင်ကော်မတီသို့ တင်ပြလမ်းညွှန်ချက်ရယူသွားမှာဖြစ်ပြီး အောက်တိုဘာလကုန်မှာ အခြေခံဈေးနှုန်းကို အဆိုပြုတင်ပြပေးနိုင်ဖို့ ရည်မှန်းချက်ထား လုပ်ဆောင်သွားရန် လိုအပ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောခဲ့သည်။

စပါး ထုတ်လုပ်မှု စရိတ်ကို အခြေခံပြီး လယ်သမားများ အကျိုးမထိခိုက်စေမည့် အခြေခံ စပါးဈေးကို သတ်မှတ်ခဲ့ရာ ယမန်နှစ်က သတ်မှတ်ခဲ့သော အခြေခံဈေးနှုန်းမှာ စပါးတင်း တစ်ရာလျှင် ကျပ်ငါးသိန်းဖြစ်ခဲ့ပြီး အချို့ဒေသများတွင် အခြေခံဈေးနှုန်းအောက်သို့ ကျဆင်းခဲ့သည်များ ရှိခဲ့သည်။

ထိုကဲ့သို့ဒေသများတွင် အစိုးရက အခြေခံ ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက်ယခုနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ကျပ် ၁၅ ဘီလီယံ သုံးစွဲသွားရန် ပြည်ထောင်စု အစိုးရအဖွဲ့က သဘောတူ ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးမျိုးသူက ဆန်စပါး တင်ပို့မှုများ၊ ယခင်ဈေးနှုန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ရာ မြန်မာနိုင်ငံ၏ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ ၂၀၁၇ _ ၁၈ ၌ တန်ချိန် ၃ ဒသမ ၅၉ သန်းကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၁၄၂ သန်းကျော် ရှိခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)