Connect with us

Local

ဇွန်လကုန်တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၁၃ ခုကို မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ထပ်မံခွင့်ပြု

ရန်ကုန်မြို့ ဆူးလေ အနီးရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရရန် လျှောက်ထားသော ပြည်တွင်း ပြည်ပကုမ္ပဏီများ အနက် ဇွန်လကုန် အထိ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၁၃ ခုကို ထပ်မံ ခွင့်ပြုပေးကြောင်း မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ယနေ့ ဆင်ဟွာကို ပြောကြားသည်။

ဇွန်လဆန်းတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁၅ ကို ခွင့်ပြုခဲ့ပြီး၊ လကုန်တွင် ခွင့်ပြုခဲ့သည့် ကုမ္ပဏီ ၁၃ ခုနှင့် ပေါင်းပါက ဇွန်လ အတွင်းတွင် ခွင့်ပြုခဲ့သည့် ကုမ္ပဏီ ၂၈ ခု ရှိခဲ့သည်။

မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူက “ လုပ်ငန်း လုပ်ကိုင်ခွင့် ထပ်မံ ခွင့်ပြုလိုက်တဲ့ လုပ်ငန်းတွေက သစ်အချောကိုင် လုပ်ငန်း၊ အထည်အလိပ် လုပ်ငန်း၊ အိမ်သုတ်ဆေး၊ ပလပ်စတစ် ထုတ်ကုန် ပစ္စည်းလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ ဘတ်စ်ကား တပ်ဆင်ခြင်းနဲ့ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို ခွင့်ပြုခဲ့တာပါ’’ ဟု ပြောသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ရှိခဲ့ပြီး၊ လက်ရှိ ဘဏ္ဍာရေး နှစ်တွင် တိုက်ရိုက် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၆ ဘီလီယံ ရရှိမည်ဟု မျှော်လင့်ကြောင်း ဆိုပါတယ်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117