Connect with us

Local

တရားမဝင် ကုန်စည်များအား ၁၁ လအတွင်း ဖမ်းဆီးအရေးယူမှု ၇၆၃ ကြိမ် ၊ ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၂ ဒသမ ၉၈၉ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့

ပုဂ္ဂလိက ကဏ္ဍ ဖွံ့ ဖြိုး တိုးတက်ရေး ကော်မတီ နှင့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ ၂၉ ကြိမ်မြောက် ပုံမှန် တွေ့ ဆုံပွဲ ပြုလုပ်စဉ်(ဓာတ်ပုံ - Myanmar President Office )

ရန်ကုန် ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ် ၉ ခုတွင် တရားမဝင် ကုန်ပစ္စည်းများကို တားဆီး ထိန်းချုပ်နိုင်ရေး အတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီး အရေးယူခဲ့ရာ ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလ မှ ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ အထိ ဖမ်းဆီး အရေးယူမှု ၇၆၃ ကြိမ် ၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂ ဒသမ ၉၈၉ ဘီလီယံ ဖမ်းဆီး နိုင်ခဲ့ကြောင်း ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ နှင့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ ၂၉ ကြိမ်မြောက် ပုံမှန် တွေ့ဆုံပွဲမှ သိရသည်။

နယ်စပ်ဒေသများမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက် လာမှုကြောင့် အသေးစား ၊ အငယ်စား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲ လာနိုင်သဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အနေဖြင့် တရားမဝင် ကုန်ပစ္စည်းများကို တားဆီး ထိန်းချုပ် နိုင်ရေးအတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယခုအခါတွင် တရားမဝင် ကုန်သွယ်မှု များကြောင့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင် ကုန်သွယ်မှုအခြေအနေ ညွှန်းကိန်း မြင့်တက်လာမှုကို လျှော့ချနိုင်ရေး နိုင်ငံ အဆင့် နှင့် ဌာနအချင်းချင်းအကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် “တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ”ကို ဖွဲ့စည်းထားကြောင်း ၊ ယင်းကော်မတီတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အားလုံးက စီးပွားရေး ဝန်ကြီး တစ်ဦးစီ ထည့်သွင်း ဖွဲ့စည်းထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် တရားမဝင် ကုန်သွယ်မှုများကို ထိထိရောက်ရောက် တိုက်ဖျက် နိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သြဂုတ် ၂၄ ရက်တွင် ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့် နေရာတွင် ကုန်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတွင်တည်ရှိကြောင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (ဩဂုတ် ၉ ရက်အထိ) ကိန်းဂဏန်းများအရ ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ (၃၀ ဒသမ ၀၃၈) ဘီလီယံ ရှိခဲ့ပြီး ၎င်းကုန်သွယ်မှု ပမာဏတွင် ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက် နိုင်မှုသည် အမေရိကန် ဒေါ်လာ (၂၅ ဒသမ ၁၉၆) ဘီလီယံ ပါဝင်သည့်အတွက် (၈၄)ရာခိုင်နှုန်း အထိ ဆောင်ရွက် နိုင်သည်ကို တွေ့ရကြောင်း ၎င်းက တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117