Connect with us

Local

တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ရွှေလုပ်ငန်းရှင်များ အနေဖြင့် ရွှေကိုရောင်းဝယ်ကြရာတွင် ရွှေလက်ငင်းငွေချေ၍ ရောင်းဝယ်ကြရန်ထုတ်ပြန်


ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ရွှေလုပ်ငန်းရှင်များ အနေဖြင့် ရွှေကိုရောင်းဝယ်ကြရာတွင် ရွှေလက်ငင်းငွေချေ၍ ရောင်းဝယ်ကြရန် နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက အသိပေးအကြောင်းကြားချက်အားထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးမြင့်တက်နေမှုကြောင့် မြန်မာရွှေဈေးနှုန်းပါ လိုက်ပါမြင့်တက်နေခြင်း နှင့် ပတ်သက်၍ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ ၇/၂၀၁၉ စုံညီ(အထူးအစည်းအဝေး) တွင် ထည့်သွင်းညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်းများအသင်း၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း)

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း က တာဝန်ရှိသူတစ်ဦးက “ကမ္ဘာ့ရွှေဈေးမြင့်တက်တဲ့ အတွက် မြန်မာ့ရွှေဈေးလိုက်မြင့်နေတဲ့အခါ ရွှေအခေါက်ဝယ်ရောင်းသူတွေ အနေနဲ့ ဆုံးရှုံးမှုတွေကြုံရမှာစိုးလို့ အခုလိုထုတ်ပြန်ရခြင်းဖြစ်တယ်’’ ဟုဆင်ဟွာကို ပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117