Connect with us

Local

Construction, Power & Mining Myanmar 2015 ပြပွဲ နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ထိပ်တန်း ကုမ္ပဏီပေါင်း ၁၆၀ ခန့် လာရောက် ပြသမည်

Construction, Power & Mining Myanmar 2015 ပြပွဲ ကို ရန်ကုန်မြို့၌ နိုဝင်ဘာ ၂၆ ရက်မှ နိုဝင်ဘာ ၂၈ ရက်ထိ သုံးရက်ကြာ ပြသသွားမည် ဖြစ်သည် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ၂၀ ရက် (ဆင်ဟွာ)

တတိယ အကြိမ်မြောက် Construction, Power & Mining Myanmar 2015 ပြပွဲကိုနိုင်ငံပေါင်း ၂၃ နိုင်ငံမှ ထိပ်တန်း ကုမ္ပဏီပေါင်း ၁၆ဝ ခန့် လာရောက်ကာ မြန်မာနိုင်ငံ အတွက် အရေးပါဆုံး ကဏ္ဍသုံးခုကို ပူးတွဲ ပြသ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ လုပ်ငန်းရှင်များ အသင်းမှ သတင်း ထုတ်ပြန်သည်။

အဆိုပါ ပြပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ ကွန်ဗင်းရှင်း စင်တာ၌ ယခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ နိုဝင်ဘာ ၂၈ ရက်ထိ သုံးရက်ကြာ ပြသသွားမည် ဖြစ်သည်။

၎င်းတတိယ အကြိမ်မြောက် Construction, Power & Mining Myanmar 2015 အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံ၏ အရေးပါဆုံး လုပ်ငန်း နယ်ပယ် သုံးခု ဖြစ်သည့် Building & Construction, Electrical Power & Renewable Energy နှင့် Mining & Mineials Recovery ဟူ၍ နိုင်ငံတကာ ကုန်စည် ပြပွဲသုံးခုကို တစ်ပါတည်း ပူးတွဲပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းပြပွဲတွင် Myanmar German Renewables Training (MGRT) တင်ဆက်မည့် လေ့ကျင့်ရေး အစီအစဉ်သစ်ကိုလည်း ထည့်သွင်း ထားကြောင်း သိရသည်။ အဆိုပါ အစီအစဉ် ကိုလည်း သုံးရက်ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ဟိုတယ်နှင့် အဆောက်အအုံ၊ ကုန်ထုတ်လုပ်ရေး၊ တယ်လီကွန်း ဆက်သွယ်ရေး တို့အတွက် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ဖြေရှင်းနည်းများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.