Connect with us

Local

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် အများစု လက်လီ ဈေးနှုန်း ကျဆင်းမှု မရှိသေး၍ ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်း ထပ်မံ ဆက်လက် ကျဆင်းစေရေး လိုအပ်သလို စီမံ ကြီးကြပ် ဆောင်ရွက်နိုင်ရန် အကြောင်းကြား

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်အများစု၏ လက်လီ ဈေးနှုန်း ကျဆင်းမှု မရှိသေးကြောင်း တွေ့ရှိရသဖြင့် ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်း အထိ ထပ်မံ ဆက်လက် ကျဆင်းစေရေး လိုအပ်သလို စီမံ ကြီးကြပ် ဆောင်ရွက်နိုင်ရန် စွမ်းအင် ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေး အသင်းသို့အကြောင်းကြားထားကြောင်း သိရသည်။

စက်သုံးဆီ လက်လီရောင်း ဈေးနှုန်း ကျဆင်းခြင်းသည် လက်ရှိ ဆိပ်ကမ်း အရောက် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း ထပ်မံ လျှော့ချရန် လိုအပ်ကြောင်း စိစစ် တွေ့ရှိရကြောင်း စွမ်းအင် ဝန်ကြီးဌာန၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့ရေနံ ဈေးနှုန်းများ ကျဆင်း လာသော်လည်း ပုဂ္ဂလိက စက်သုံးဆီ ရောင်းဈေးနှုန်းများ ကျဆင်းမှု မရှိသဖြင့် စွမ်းအင် ဝန်ကြီးဌာန ၊ ရေနံထွက် ပစ္စည်းများ တင်သွင်း သိုလှောင် သယ်ယူ ချက်လုပ် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီ၏ လမ်းညွှန်ချက် အရ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေး အသင်း၏ ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်မှုဖြင့် ဇန်နဝါရီ ၁၉ ရက်မှ စတင်၍ ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် အချို့၏ လက်လီ ဈေးနှုန်းများသည် တစ်လီတာလျှင် ငွေကျပ် ၅၀ မှ ကျပ် ၈၀ အထိ စတင် ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်ဟု အကြောင်းကြားစာတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.