Connect with us

Local

ထီဆုငွေ လာရောက် မထုတ်ယူသည့် ဆု အရေအတွက်မှာ နှစ်စဉ် ကျပ်သန်းပေါင်း နှစ်ထောင်ကျော် ဝန်းကျင်ရှိ

ထီပေါက်စဉ်အား online မှ ကြေညာပေးနေစဉ် (ဓာတ်ပုံ-Myanmare-Lottery)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် ငါးနှစ် အတွင်း အောင်ဘာလေ သိန်းဆုဌာနခွဲ၌ ထီဆုငွေ လာရောက် မထုတ်ယူသည့် ဆုငွေ အရေအတွက်မှာ နှစ်စဉ် ကျပ်သန်းပေါင်း နှစ်ထောင်ကျော် ဝန်းကျင်ရှိကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန လက်အောက်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ထီဆု လာမထုတ်တဲ့ သူတွေက အမျိုးမျိုး ရှိပါတယ်။ သတ်မှတ်ချိန် နောက်ပိုင်းမှသာ ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်းတာပါ။ ဒီဇင်ဘာလ မတိုင်မီ နိုဝင်ဘာလ မှာလည်း ဒီထီလက်မှတ် နံပါတ်တွေက ထီပေါက်ထားကြောင်း၊ လာရောက် ထုတ်ယူမှု မရှိသေးပါဘူး ဆိုတာတွေကို နိုင်ငံပိုင် သတင်းစာတွေမှာ ထည့်သွင်း ကြေညာတာတွေ ဆောင်ရွက် ပါတယ်”ဟု ၎င်း တာဝန်ရှိသူက ပြောသည်။

နောင်အနာဂတ်တွင် အောင်ဘာလေ ထီစနစ်ကို အွန်လိုင်း e-Lottery စနစ်အသုံးပြု၍ ဆောင်ရွက်ရန် ရှိကာ အဆိုပါ စနစ်ကြီး ပေါ်ထွန်း လာစေရန် အောင်ဘာလေ ထီဥပဒေကြမ်းကို ရေးဆွဲ၍ လွှတ်တော်သို့ တင်ပြ ထားကြောင်း၊ ယင်းဥပဒေ ပေါ်ထွက်မှသာ အွန်လိုင်း စနစ်ကို ဖော်ဆောင်နိုင်မည် ဖြစ်၍ အွန်လိုင်း e-Lottery စနစ်ကို မြန်မာနိုင်ငံနှင့် ကိုက်ညီမှု ရှိသည့် စနစ်အား ရွေးချယ်၍ ပြည်ပ ပညာရှင်များကို ငှားရမ်းကာ တိုင်ပင် ညှိနှိုင်းပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အွန်လိုင်းထီ လုပ်ငန်းဆောင်ရွက် လိုသော လုပ်ငန်းရှင် ကုမ္ပဏီများကို တင်ဒါခေါ်ကာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထီစနစ်သည် paper lottery ခေါ်ဆိုသော စနစ်ဖြင့် လုပ်ဆောင်နေကာ ခြောက်လ တစ်ကြိမ် ပုံနှိပ်ရပြီး စစ်ဆေး စီထပ်ထုပ်ပိုး ရကာ သက်ဆိုင်ရာ ကိုယ်စားလှယ် ဌာနခွဲများသို့ ဖြန့်ခွဲပေးခြင်း စသည်ဖြင့် အဆင့်များစွာ ဆောင်ရွက် ရကြောင်း အွန်လိုင်းစနစ်တွင် ထိုလုပ်ငန်းစဉ်များ များစွာ သက်သာ လာနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ထီလုပ်ငန်းသည် ၁၉၃၈ ခုနှစ်တွင် စတင်ပေါ်ပေါက် ခဲ့ ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.