Connect with us

Local

ရက်သတ္တပတ် အတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၆၈.၆၆၈သန်းပြ

မြန်မာ-ထိုင်း နယ်စပ်ဂိတ်အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ရဲ့ ဇူလိုင် ၁၆ ရက်မှ ၂၂ ရက် အထိ ရက်သတ္တပတ် အတွင်း ကုန်သွယ်မှုလိုငွေသည် အမေရိ ကန်ဒေါ်လာ ၆၈.၆၆၈ သန်းဖြစ်ပြီး ချုပ်ပြီးအထည်နှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှု လျော့ နည်းခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါ ရက်သတ္တပတ် အတွင်း ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၃၄ . ၉၁၁ သန်း၊ သွင်း ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၃.၅၇၉ သန်းရှိကြောင်း၊ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃၃၈. ၄၉ သန်း ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။
ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၄ .၉၁၁ သန်းဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ၆၇ . ၉၂၃ သန်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများ မှ ၆၆ .၉၈၈ သန်း တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သွင်းကုန် တန်ဖိုး အမေရိ ကန်ဒေါ်လာ ၂၀၃. ၅၇၉ သန်းဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ၄၆ .၀၉၁ သန်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ၅၇ . ၄၈၈ သန်း သွင်းနိုင်ခဲ့ကြောင်း၊ ယခုဘ ဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၂ ရက်အထိမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၃၁၀၆ .၂၉၇ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၄၅၄၅ .၄၉၃ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများအားတင်သွင်းခဲ့ပြီး၊ ကုန် သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၆၅၁ . ၇၉၀ သန်းရှိကြောင်း သိရသည်။ ကုန်သွယ်မှု လိုငွေမှာ အမေရိကန် ဒေါ်လာ ၁၄၃၉ .၁၉၆ သန်း ဖြစ်သည်။
ယမန်နှစ် ကာလတူ နှင့် နှိုင်း ယှဉ်ပါက ပို့ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၁၀ . ၃၉၄ သန်း ပိုမိုခဲ့ပြီး ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၃၈.၄၅၅ သန်း လျော့နည်းခဲ့သည့်အတွက် ကာလတူထက် အမေရိကန် ဒေါ်လာ ၆၂၈ . ၀၆၁ သန်းလျော့ နည်းသွားခဲ့ကြောင်း၊ ပို့ ကုန်ပိုမိုရခြင်းမှာ လယ်ယာ ထွက်ကုန်ပစ္စည်း၊ ရေထွက်ပစ္စည်း ၊ သစ်တောထွက်ပစ္စည်း၊ အခြားပစ္စည်းတို့ တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပြီး သွင်းကုန်လျော့နည်းရခြင်းသည် လုပ်ငန်း သုံးကုန်ကြမ်းပစ္စည်း နှင့် လူသုံးကုန်ပစ္စည်း ပိုမိုတင်သွင်းခဲ့သော် လည်း ရင်းနှီးမြှုပ်နှံမှုပစ္စည်း လျော့နည်း တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.