Connect with us

Local

ရန်ကုန်မြို့တွင်း စနစ်သစ်ဖြင့် စတင် ပြေးဆွဲမည့် မော်တော်ယာဉ်လမ်းကြောင်း အသစ်များ အတွက် အများပြည်သူ များအား ကူညီပေးရန် စေတနာ့ ဝန်ထမ်းများ ဖိတ်ခေါ်

ရန်ကုန်မြို့ တွင်း ယာဉ်လမ်းကြောင်းသစ်များ ပြေးဆွဲချိန်တွင် ခရီးသွားများအား ကူညီမည့် စေတနာ့ ၀န်ထမ်းများ၏ တူညီအကျီင်္အား တွေ့ ရစဉ် (ဓာတ်ပုံ- Yangon Bus Service )

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့တွင်း စနစ်သစ်ဖြင့် စတင် ပြေးဆွဲမည့် မော်တော်ယာဉ်လမ်းကြောင်း အသစ်များနှင့် ပတ်သတ်၍ ကားမှတ်တိုင်များတွင် အများပြည်သူများ၏ အခက်အခဲများအား ကူညီ ဆောင်ရွက်ရန် စေတနာဝန်ထမ်းများအား ဖိတ်ခေါ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

စနစ်သစ်ပြောင်းလဲသည့် ပထမ ရက်သတ္တပတ်အတွင်း ခရီးသွား ပြည်သူများအား ကူညီရန် သက်ဆိုင်ရာ တာဝန်ရှိသူများအပြင် စေတနာ့ ဝန်ထမ်းများကို ဖိတ်ခေါ် ထားခြင်းဖြစ်ပြီး စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီပေးလိုသူများ အနေဖြင့် Yangon Bus Service (YBS) လူမှုကွန်ရက် စာမျက်နှာ www.facebook.com/yangonbus သို့လည်းကောင်း၊ မြို့နယ် အလိုက် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များသို့ လည်းကောင်း၊ ဝိုင်းဝန်းကူညီပါဝင်ကြမည့် သက်ဆိုင်ရာ လူမှုအခြေပြုအဖွဲ့အစည်း များထံသို့လည်းကောင်း ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရသည်။

ယခု ဇန်နဝါရီ ၁၆ ရက်မှ စတင်၍ ယာဉ်လိုင်းကုမ္ပဏီ ရှစ်ခုမှ သက်ဆိုင်ရာ လမ်းကြောင်းများအလိုက် ယာဉ်လိုင်း ၆၀ ခန့်ဖြင့် ပြေးဆွဲ စေမည်ဖြစ်ပြီး ထိုကုမ္ပဏီများကို သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ မှ ကြပ်မတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အနေဖြင့် မြို့ပြသယ်ယူပို့ဆောင်ရေး ဆောင် ရွက်နေသော ခရီးသည်တင်ယာဉ်လိုင်း များကို ယခင် မထသမှ စီမံကြပ်မတ် သည့်စနစ်မှ တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ကြီးကြပ် ကွပ်ကဲကာ စနစ်သစ်ဖြင့် ပြောင်းလဲ ပြေးဆွဲမှုစတင်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.