Connect with us

Local

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၄ ခုကို ခွင့်ပြုခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးအားတွေ့ရစဉ် (ဓာတ်ပုံ-- DICA)

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (M.I.C) က ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၄ ခုကို ခွင့်ပြုခဲ့ကြောင်း သိရသည်။

ယခုခွင့်ပြုခဲ့သော လုပ်ငန်းများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၄ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ၇ခု၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ခု နှင့် ရှမ်းပြည်နယ်တွင် ၃ ခု ဝင်ရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

အဆိုပါ နိုင်ငံခြား ဖက်စပ်လုပ်ငန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် တရုတ်နိုင်ငံမှ အများစုဖြစ်ပြီး ဟောင်ကောင်၊ ကိုရီးယား၊ ကနေဒါ၊ အိုင်ယာလန် စသည့်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများပါဝင်သကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဘရူနိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့လည်း ပါဝင်သည်ကို တွေ့ရသည်။

အဆိုပါလုပ်ငန်း ၂၄ ခုတွင် နိုင်ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှု ၁၁ ခု၊ ရာနှုန်းပြည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၁၀ ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၃ ခုပါဝင်ကြောင်း သိရသည်။

ဝင်ရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းကဏ္ဍ/အမျိုးအစားအများစုမှာ အထည်ချုပ်လုပ်ငန်း၊ သားမွေးထည်လုပ်ငန်းနှင့် ဖိနပ်ထုတ်လုပ်ရေး လုပ်ငန်းများဖြစ်ပြီး အခြားလုပ်ငန်းများအဖြစ် ဆန်စက်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အပန်းဖြေဥယျာဉ်လုပ်ငန်း၊ ရုပ်ရှင်ရုံဆောက်လုပ်ရေးလုပ်ငန်း နှင့် အမှိုက်သိမ်းသယ်ယူစွန့်ပစ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းတို့လည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.