Connect with us

Local

တရားမဝင် ကုန်သွယ်မှုများအပေါ် အစိုးရမှ တိကျပြတ်သားစွာ ကိုင်တွယ် ဆောင်ရွက်သွားမည်


ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

နိုင်ငံတော် အစိုးရမှ တရားမဝင် ကုန်သွယ်မှုများ အပေါ် တိကျပြတ်သားစွာ ကိုင်တွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ယနေ့ဇန်နဝါရီ ၁၃ ရက်တွင် ရန်ကုန်မြို့၌ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“တရားမဝင် ကုန်သွယ်မှုနဲ့ပတ်သက်ရင် အစိုးရ အနေနဲ့တိတိကျကျ ပြတ်ပြတ်သားသား လုပ်မယ်။လုပ်တဲ့ အခါမှာ သက်ဆိုင်ရာ မှန်မှန်ကန်ကန် လုပ်တဲ့ လုပ်ငန်းတွေ မထိခိုက်အောင်လို့အကောင်းဆုံး နည်းလမ်း ကျင့်သုံးပြီး ဆောင်ရွက်မယ်။လာဘ်စားတာတွေ မဖြစ်စေရအောင် ပြင်ဆင်ထားတယ်။”ဟု ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။

ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်၍ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ထို့ကဲ့သို့လုပ်ဆောင်ခြင်းများကြောင့် ကုန်စည် စီးဆင်းမှုများ ထိခိုက်မှု မရှိအောင်လည်း အစီအစဉ်များ လုပ်ဆောင်ထားပြီး ၊ တရားမဝင် နည်းလမ်းဖြင့် လုပ်ဆောင်သည့် ပုဂ္ဂိုလ်များအား ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ သို့မှသာ ပြုပြင်ပြောင်းလဲရေး ဖြစ်လာမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။အစိုးရ အဖွဲ့အနေဖြင့် တရားမဝင် ကုန်သွယ်မှုများအား သေချာ စနစ်တကျဖြင့် အစီအမံများ ချမှတ်ပြီး အလေးအနက်ထား ကိုင်တွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ထိုသို့လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်း အသီးသီးမှ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ရဲဝင့် ပြတ်သား တိကျစွာဖြင့် အာဂတိ လိုက်စားမှု ကင်းရှင်းစွာ ဆောင်ရွက်နိုင်စေရန် အစီအမံများ လုပ်ဆောင်ထားကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ရားမဝင် ကုန်သွယ်မှုများနှင့် ပတ်သတ်၍ ဒုတိယ သမ္မတ ဦးမြင့်ဆွေက အထူးသဖြင့် နယ်စပ်ဒေသများတွင် ကုန်စည် တရားမဝင်မှောင်ခို ဝင်ရောက်မှုများ များပြားပြီး ယင်းတို့ကို ဌာနဆိုင်ရာများ အနေဖြင့် အတတ်နိုင်ဆုံး ထိထိရောက်ရောက် လုပ်မှ ရမည် ဖြစ်ကြောင်း ၊ ထို့ပြင် အစိုးရ နှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ပါက အောင်မြင်သွားနိုင်မည် ဖြစ်ကြောင်း ထိုတွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်၍ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲအား ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ယနေ့ဇန်နဝါရီ ၁၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.