Connect with us

Local

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် ပို့ကုန်များထဲတွင် အများဆုံး ပို့ကုန်အဖြစ် ရပ်တည်

စွမ်းအင်ရှာဖွေရေးလုပ်ငန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄ .၃ ဘီလီယံကျော်ရှိပြီး ပို့ကုန်များ ထဲတွင် အများဆုံး ပို့ကုန်အဖြစ် ရပ်တည်နေကြောင်း အကောက်ခွန် ဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများအရသိရသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန် တင်ပို့မှုတွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှာ တန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာ ၄ . ၃ ဘီလီယံကျော်ရှိပြီး အထည်ချုပ် ကဏ္ဍမှ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁ .၆ ဘီလီယံကျော် ရှိသဖြင့် ပြည်ပသို့ တင်ပို့သည့် ပို့ကုန်များထဲတွင် ဒုတိယ အများဆုံး ဖြစ်ကြောင်း သိရသည်။

သဘာဝဓာတ်ငွေ့ တင်ပို့မှုမှာ ပို့ကုန်စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်ပြီး အထည်ချုပ် ကဏ္ဍမှ တင်ပို့မှုမှာ ၁၇ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး ဖြစ်သည်။

မြန်မာ့အထည်ချုပ် လုပ်ငန်းများသည် အမေရိကန်နိုင်ငံက ပေးအပ်သည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး မရရှိသော်လည်း ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံတို့က အော်ဒါမှာယူမှု မြင့်တက်နေသဖြင့် ယခုနှစ်တွင် အထည်ချုပ်ကဏ္ဍ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ . ၁ ဘီလီယံ အထိ ရရှိရန် မျှော်မှန်းထားသည်။

ထို့ပြင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရှိပြီး စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းကျော်ရှိကာ ကျောက်မျက်ရတနာ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၆၈ ဒသမ ၉၄ သန်းရှိသည်။ စက်ယန္တရားနှင့် စက်ပစ္စည်းများတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၃၉ ဒသမ ၆၅ သန်းရှိပြီး တခြား ကဏ္ဍမှတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၄၄ .၃၁ သန်း ရှိကြောင်း အကောက်ခွန် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ ၇ ရက်အထိ လယ်ယာထွက်ကုန် ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၄ဝဝ ကျော် ရရှိထားပြီး တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ သန်းကျော်၊ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၇ သန်းကျော်၊ သတ္တု တွင်းထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၅၈ သန်းကျော်၊ သစ်တောထွက် ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁၅ သန်းကျော်၊ စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၈ဝဝ ကျော်နှင့် တခြားကဏ္ဍမှ အမေရိကန်ဒေါ်လာ ၈၉၃ သန်းကျော် တင်ပို့ထားကာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၉ဝဝ ကျော်ဖိုး တင်ပို့ထားကြောင်း အကောက်ခွန် ဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.