Connect with us

Local

လာမည့်နှစ်တွင် ရန်ကုန်မြို့၌ လျှပ်စစ်ရထားစတင်ပြေးဆွဲရန် စီစဉ်နေဟုဆို

တရုတ်နိုင်ငံတွင် ပြေးဆွဲနေသော လျှပ်စစ်ရထား တစ်စင်း (ဆင်ဟွာ)

ရန်ကုန်၊ ဇွန်၂ ရက် (ဆင်ဟွာ)

မြန်မာ့ မီးရထား ဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ်တွင် လျှပ်စစ်ရထားကို စတင် ပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း မြန်မာ့ မီးရထား လုပ်ငန်း (အောက်မြန်မာပြည်) မှ သိရသည်။

မြန်မာ့ မီးရထားလုပ်ငန်း (အောက်မြန်မာပြည်) မှ တာဝန်ရှိသူက “လျှပ်စစ် ဒီဇယ်ရထားက ပထမဦးဆုံးအကြိမ် ပြေးဆွဲမှာ ဖြစ်တယ်။ ၂၀၁၆ ခုနှစ်မှာ အီလက်ထရောနစ် ရထား တစ်စင်းတည်းနဲ့ စတင်ပြေးဆွဲဖို့ ပြင်ဆင်နေတာပါ” ဟုပြောသည်။

မြန်မာ့ မီးရထား၏ ကုန်ကျစရိတ် လျှော့ချနိုင်ရန် ၂၀၁၅ ခုနှစ်တွင် လျှပ်စစ်ရထားများ ဝယ်ယူ၍ ပြေးဆွဲရန် ခန့်မှန်းထားသော်လည်း အခြား စီမံကိန်းများ ရှိသည့်အတွက် ၂၀၁၆ သို့ ပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ပဏာမ တိုင်းတာ တွက်ချက်မှုများ စတင် ပြုလုပ်နေပြီဖြစ်ပြီး ကမ်းနားတွင် ပြေးဆွဲနေသည့် RBE ရထားနေရာတွင် လျှပ်စစ်ရထားများ အစောဆုံး ဝင်ရောက် နိုင်ကြောင်း ဆိုသည်။

ရန်ကုန်မြို့ရှိ မြို့ပတ် ရထားလမ်းတွင် လျှပ်စစ် ရထား ပြေးဆွဲနိုင်ရန်အတွက် ဂုံးကျော်တံတားတချိုု့၏ အမိုးများအား ပြန်လည် ပြင်ဆင်ရန် လိုအပ်ကြောင်း ဆိုသည်။

လျှပ်စစ် ရထား ပြေးဆွဲပါကလည်း မူလ ပြေးဆွဲနေသော RBE ရထားအား ပုံမှန်အတိုင်း ပြေးဆွဲမည်ဖြစ်ပြီး၊ လျှပ်စစ် ရထားပြေးဆွဲရာ လမ်းတလျှောက်တွင် အန္တရာယ် ကင်းရှင်း စေရေးအတွက် စီမံချက်များ ချမှတ်ပြီး ခြံစည်းရိုးများကို ပြုလုပ်နေကြောင်း၊ သမိုင်းဘူတာနှင့် တညင်းကုန်း ဘူတာတို့တွင် ပြုလုပ် ပြီးစီးကြောင်း ၎င်းကဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117