Connect with us

Local

အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ တစ်ရက်လျှင် ကျပ် ၃,၆၀၀ သတ်မှတ်

အထည်ချုပ်စက်ရုံ တစ်ခုတွင် လုပ်သားများ အလုပ်လုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ အခြေခံ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ တစ်ရက်လျှင် ကျပ် ၃,၆၀၀ တရားဝင် သတ်မှတ် လိုက်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက ယနေ့ ထုတ်ပြန် ကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်သည့် အဆိုပါ အဆိုပြု အနည်းဆုံး အခကြေးငွေသည် တစ်နာရီလျှင် ကျပ် ၄၅၀ နှုန်းဖြင့် ၈ နာရီစာကို ကျပ် ၃,၆၀၀ သတ်မှတ်လိုက်သည်။

အဆိုပါ သတ်မှတ်ချက်သည် အလုပ်သမား ၁၅ ဦး အထက်ရှိသည့် လုပ်ငန်းများ အတွက်သာ သက်ဆိုင်ပြီး အလုပ်သမား ၁၅ ဦးအောက်ရှိသည့် လုပ်ငန်း နယ်ပယ်များ၊ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းများနှင့် သက်ဆိုင်မှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ သတ်မှတ်လိုက်သည့် အနည်းဆုံး အခကြေးငွေ နှုန်းထားနှင့် ပတ်သက်ပြီး သဘောထား မှတ်ချက်ပြုခြင်း၊ အကြံပြုခြင်း၊ ကန့်ကွက်ခြင်းနှင့် ပြင်ဆင်ခြင်းများကို ဆောင်ရွက်လိုသည့် အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂိုလ်များသည် အဆိုပါ အခကြေးငွေ ထုတ်ပြန်သည့်နေမှ စ၍ ရက်သတ္တ နှစ်ပတ်အတွင်း သတ်မှတ်ထားသည့် ပုံစံဖြည့်စွက်ပြီး အနည်းဆုံး အကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ပြည်ထောင်စု နယ်မြေ ကော်မတီ၊ တိုင်းဒေသ ကော်မတီ (သို့မဟုတ်) ပြည်နယ် ကော်မတီထံ ပေးပို့ရမည် ဖြစ်သည်။

မေလ ၁ ရက်နေ့ အလုပ်သမားနေ့တွင် အခြေခံ လုပ်ခလစာ တစ်ရက် ၅,၆၀၀ ရရှိရေးအတွက် အလုပ်သမား ၂၀၀ ခန့်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှ ကျိုက္ကဆံ လူထုဟစ်တိုင်သို့ ချီတက် ဆန္ဒပြခဲ့သည်။

အလုပ်သမားများ အခြေခံ အနိမ့်ဆုံးလစာ သတ်မှတ်ပေးရေး ဆုံးဖြတ်ချက်ကို ဇွန်လအတွင်း ချမှတ် ပြဋ္ဌာန်း သတ်မှတ်နိုင်ရန် ဆောင်ရွက် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဇွန်လ ၂ ရက်နေ့ ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပြီး အလုပ်သမား၊ အလုပ်ရှင်တို့ကြား ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117