Connect with us

Local

ကျောက်မျက်ပြပွဲတွင် ယူရို ၈သိန်းဖြင့် မိုးကုတ် ပတ္တမြား လေလံအောင်

နေပြည်တော်တွင် ကျင်းပနေသော မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ၌ ပြသထားသော ပတ္တမြားများကို ဝယ်သူများမှ ကြည့်ရှုနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ယခု နေပြည်တော်တွင် ကျင်းပနေသည့် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ၌ အခြေခံဈေး အမြင့်ဆုံး ယူရိုငွေ ခြောက်သိန်းဖြင့် လေလံတင် ရောင်းချခဲ့သည့် ပတ္တမြားကို ယူရို ရှစ်သိန်းကျော်ဖြင့် ပြည်တွင်း ရတနာကုန်သည် တစ်ဦးက ဝယ်ယူသွားကြောင်း မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝင်းက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ဦးမြင့်ဝင်းက “ ဒီတခေါက် ကျောက်မျက်ပွဲမှာ တန်ဖိုးအကြီးဆုံး ပတ္တမြားကို ရောင်းလိုက်ရတာပါ။ ပြည်တွင်း၊ ပြည်ပ ကုန်သည် ၇ ယောက်လောက်က ဝိုင်းပြီး လေလံစွဲ ကြတာပါ။ မြန်မာကုန်သည်က ယူရို ၈ သိန်းနဲ့ လေလံ အောင်သွားတာပါ’’ ဟုပြောသည်။

အဆိုပါ ပတ္တမြားသည် မိုးကုတ်မှ တွင်းထွက် ပတ္တမြား ဖြစ်ပြီး၊ ကျောက်ရိုင်းတုံးကိုပဲ လေလံဆွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

နေပြည်တော်တွင် ကျင်းပသော ကျောက်စိမ်းအတွဲများကို ဝယ်သူများမှ ကြည့်ရှုနေစဉ် (ဆင်ဟွာ)

ကျောက်မျက် အတွဲပေါင်း ၃၂၃ တွဲ တင်ခဲ့ပြီး၊ ၁၂၆ တွဲ ရောင်းချခဲ့ရကြောင်း၊ ကျောက်မျက်များတွင် နီလာ နှင့် ပတ္တမြားအား ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက နှစ်သက်မှု ရှိကြောင်း ဆိုသည်။ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းအထိ ကျောက်စိမ်းအတွဲပေါင်း ၂၉၃၀ တွဲ၊ တန်ဖိုး ၂၂၇.၈၉ သန်း ဖိုး ရောင်းချပြီးပြီ ဖြစ်ကြောင်း ကျောက်စိမ်းလုပ်ငန်း ကော်မတီ မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသူက ပြောသည်။

ဦးမင်းသူက “ကျောက်စိမ်း တွေကတော့ တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်ဒေသက ကုန်သည်အများစုက ဝယ်ယူကြတာ များတယ်။ အရင်နှစ်ထက် စာရင်တော့ အရောင်းပါးတယ်။ ရောင်းဈေးတွေကလည်း နည်းနည်း မြင့်သွားတယ်” ဟုပြောသည်။
ကျောက်စိမ်း အတွဲများကို ဇူလိုင်လ ၆ ရက်နေ့ အထိ ဆက်လက် ရောင်းချသွားမည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117