Connect with us

Local

၂၀၁၇ တွင် ခရီးသွားဧည့်သည် သုံးသန်းခွဲ ဝင်ရောက်မည်ဟု ဒုတိယ သမ္မတ ခန့်မှန်းပြောကြား

ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့  အခမ်းအနား တွင် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ အဖွင့်မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ခရီးသွား ဧည့်သည် ဝင်ရောက်မှု ၃ ဒသမ ၅ သန်းခန့် ရှိနိုင်မည် ဟု ဒုတိယ သမ္မတ ဦးဗန်ထီးယူက ယနေ့ ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို ခရီးသွား ဧည့်သည် ၂ ဒသမ ၉ သန်း ဝင်ရောက်ခဲ့ပြီး ဒီနှစ်မှာတော့ ခရီးသွားဧည့်သည် ၃ ဒသမ ၅ သန်းအထိ လာရောက်မယ်လို့ ခန့်မှန်းထားပါတယ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးသွား ဧည့်သည် ၂ ဒသမ ၂၇ သန်း ရှိခဲ့ပြီး အရင်နှစ် အလားတူ ကာလနဲ့ နှိုင်းယှဉ်ရင် ၂၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်” ဟု နေပြည် တော် MICC II တွင် ယနေ့နံနက် ပြုလုပ်သည့် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အခမ်းအနား အဖွင့် မိန့်ခွန်းတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာ့ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ် တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်း လုံးတွင် နိုင်ငံတကာ ခရီးသွားလာသူဦးရေ ၁ ဒသမ ၂ ဘီလျံကျော် ရှိခဲ့ပြီး၂၀၃၀ ခုနှစ်တွင် ၁ ဒသမ ၈ ဘီလျံအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ထိုသို့ တိုးတက်လာသည့်အကျိုးဆက်အဖြစ် မြန်မာ နိုင်ငံ၏ ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးလာမည်ဟု မျှော်လင့်ပါကြောင်း၊ ၂၀၁၇ ခုနှစ်ကို “ရေရှည် တည်တံ့သည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Tourism – a Toll for Development ) အပြည်ပြည်ဆိုင်ရာနှစ်” ဟု ဖော်ပြ သတ်မှတ်ထားသည်နှင့်အညီ ကမ္ဘာ့ ခရီးသွား လုပ်ငန်းနေ့တွင် အနာဂတ်မျိုးဆက်သစ်များအတွက် လိုအပ်ချက်များကို ကြိုတင် မြော်မြင် ဖြည့်ဆည်း ပေးနိုင်ရေးသာမက လက်ရှိအချိန်မှာ ရေရှည် ဖွံ့ဖြိုး တိုးတက်သည့် ခရီးသွား လုပ်ငန်း ဖြစ်စေရေး ဟူသည့် ခံယူချက် ထားရှိကာ ဒေသခံများနှင့် ဖောက်သည်များ အကြား ပိုမိုနားလည် သိမြင်လာစေရေး၊ ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် အစိုးရအဖွဲ့အစည်းများ အနေဖြင့် သင့်လျော် မှန်ကန်သည့် မူဝါဒများ ချမှတ်ရေးတို့ကို တွန်းအားပေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းလည်း ဒုတိယ သမ္မတက ပြောခဲ့သည်။

ထို့အပြင် ၎င်းက “မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်းမှာရှိတဲ့ မြိတ်ကျွန်းစုဟာ မပျက်မစီး မထိခိုက်သေး ဘဲ သဘာဝအတိုင်း တည်ရှိနေတဲ့ ကျွန်းပေါင်း ၈၀၀ ကျော်နဲ့ ဖွဲ့စည်းထားပြီး သဘာ၀ အခြေခံ ခရီးသွား လုပ်ငန်းနဲ့ အဏ္ဏဝါ ခရီးသွား စိတ်ဝင်စားသူများကို ဆွဲဆောင်လျက်ရှိပြီး သာယာလှပတဲ့ သဘာ၀ ရှုခင်းတွေကို လေ့လာခံစားနိုင်တဲ့ ဒေသကြီးတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာက လူသိ နည်း နေသေးတဲ့ မြန်မာနိုင်ငံရဲ့ ခရီးစဉ်တွေကို သွားရောက်လည်ပတ်ဖို့ အစစ အရာရာ အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” ဟုလည်း ပြောခဲ့သည်။

ကမ္ဘာ့ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံများတွင် စီးပွားရေး ပတ်ဝန်းကျင် ထိန်းသိမ်းရေး လူမှုရေး ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွား လုပ်ငန်း၏ အရေးပါမှုကို ပိုမို သိမြင် စေရန် ရည်ရွယ် ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ အမျိုးသား လွှတ်တော် ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ဒုတိယ ဝန်ကြီး များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ အဆင့်မြင့် အရာရှိကြီးများ၊ ခရီးသွား လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.