Connect with us

Local

မြန်မာ သီလဝါ အထူး စီးပွားရေးဇုန် ကုမ္ပဏီ၏ ရှယ်ယာ ရောင်းဝယ်မှုများကို CB ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီမှ ဝန်ဆောင်မှု ပေးသွားမည်

CB Securities Limited ဖွင့်ပွဲ အခမ်းအနားတွင် ပြသထားသည့် နိုင်ငံတကာ စတော့ခ် ဈေးကွက် အညွှန်းကိန်းများ ကြည့်ရှုနေသူ တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၉ ရက် (ဆင်ဟွာ)

မြန်မာ သီလဝါ အထူး စီးပွားရေးဇုန် ကုမ္ပဏီ၏ ရှယ်ယာ ရောင်းဝယ်မှုများကို CB ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီမှ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးခင်မောင်အေးက ယနေ့မတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

CB ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီသည် ရန်ကုန် စတော့ အိတ်ချိန်း ကနဦး ကာလတွင် ဝန်ဆောင်မှု ပေးရန် လိုင်စင်ရရှိခဲ့သည့် ကုမ္ပဏီ ၅ ခုအနက် ၁ ခု အပါအဝင် ဖြစ်ပြီး CB ဘဏ်၏ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ကုမ္ပဏီခွဲ တစ်ခု ဖြစ်ကြောင်း သိရသည်။

CB Securities Limited အား ဖဲကြိုးဖြတ်ဖွင့်လှစ် နေစဉ် (ဆင်ဟွာ)

ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း CB Securities Limited ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက CB Securities Limited ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

CB Securities Limited ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအားတွေ့ရစဉ် (ဆင်ဟွာ)

“ဝန်ဆောင်မှု ရယူသူတွေ အဆင်ပြေစေဖို့အတွက် မြန်မာတစ်နိုင်ငံလုံးက CB ဘဏ်ခွဲတွေမှာ ငွေချေး သက်သေခံ လက်မှတ် ရောင်းဝယ်မှု အကောင့်(Trading Account) ဖွင့်နိုင်အောင် စီစဉ် ထားပါတယ်။ ဝန်ဆောင်မှု ရယူသူတွေ အနေနဲ့ရှယ်ယာ ရောင်းဝယ်မှုတွေကို CB ဘဏ်ရဲ့Internet Banking ၊ Mobile Banking တွေကနေ တစ်ဆင့် ပြုလုပ်နိုင်ပါတယ်”ဟု CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ယနေ့ပြုလုပ်သည့် CB Securities Limited ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

CB ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီသည် ရန်ကုန် စတော့ အိတ်ချိန်းတွင် ဝန်ဆောင်မှု ပြုလုပ်ရန် Underwriter လိုင်စင် ရယူထားပြီး ကုမ္ပဏီ၏ ထည့်ဝင်ပြီး မတည်ရင်းနှီးငွေသည် ကျပ် ၁၅ ဘီလီယံ ရှိကြောင်း သိရသည်။

ရန်ကုန် စတော့ အိတ်ချိန်းတွင် ငွေချေး သက်သေခံ လက်မှတ်များ ရောင်းဝယ်မှုကို ယခု မတ်လ ၂၅ ရက်တွင် စတင်မည် ဖြစ်ပြီး အများပိုင် ကုမ္ပဏီ ၁ ခုနှင့် ဝန်ဆောင်မှု ကုမ္ပဏီ ၅ ခုတို့နှင့် စတင်သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ယနေ့အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပထမဆုံး အနေဖြင့် ငွေချေး သက်သေခံ လက်မှတ် ရှယ်ယာများကို စတင် ရောင်းချသွားမည့် အများပိုင် ကုမ္ပဏီမှာ FMI ကုမ္ပဏီ ဖြစ်ပြီး မြန်မာ သီလဝါ အထူး စီးပွားရေး ဇုန် ကုမ္ပဏီသည် ဒုတိယ ရောင်းချမည့် ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117