Connect with us

Local

မန္တလေးတိုင်းဒေသကြီး နယ်မြေအတွင်း မှုခင်း ကျဆင်းရေး ၊ မဖြစ်ပွားစေရေး အထူး ပိတ်ဆို့ ရှာဖွေ စစ်ဆေးရေးများ ပြုလုပ်

မန္တလေး တိုင်းဒေသကြီး အတွင်း အထူး ပိတ်ဆို့ ရှာဖွေ စစ်ဆေးရေး များ ပြုလုပ်နေစဉ်(ဓာတ်ပုံ- Mandalay Police )

ရန်ကုန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်း မှုခင်းကျဆင်းရေးနှင့်မှုခင်းမဖြစ်ပွားစေရေး အတွက် ရဲတပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းအဖွဲ့သည် အထူး ပိတ်ဆို့ရှာဖွေ စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်မှု အရ သိရသည်။

မြို့ဝင်၊ မြို့ထွက် ဂိတ်များနှင့် မန္တလေးမြို့တွင်း မြို့နယ်(၃)မြို့နယ် သတ်မှတ်နေရာများတွင် ယနေ့ဇွန် ၆ ရက် နံနက်ပိုင်းတွင် မြို့ဝင်၊ မြို့ထွက် ဂိတ်များနှင့် မန္တလေးမြို့တွင်း မြို့နယ်(၃)မြို့နယ် သတ်မှတ်နေရာများတွင် အထူးပိတ်ဆို့ရှာဖွေ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ မှုခင်းကျဆင်းရေးနှင့်မှုခင်းမဖြစ်ပွားစေရေး အတွက် ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့သည် ညစဉ် ပိတ်ဆို့ ရှာဖွေ စစ်ဆေးရေးများ ပြုလုပ်လျက် ရှိရာ ဇွန် ၅ ရက်တွင် မြို့ဝင်၊ မြို့ထွက်ဂိတ်များ နှင့် မန္တလေးမြို့တွင်း မြို့နယ် (၇)မြို့နယ် သတ်မှတ်နေရာ (၇)နေရာ တို့တွင် အထူးပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်မှု အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.