Connect with us

Local

ဗိုလ်ချုပ်အောင်ဆန်းပုံ (သို့မဟုတ်)ဒေါ်အောင်ဆန်းစုကြည်ပုံပါ ရွှေဒင်္ဂါးပြားများကို ကမ္ဘာ့ရွှေဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန်တင်ပြထားဟုဆို

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေရောင်းချသည့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ရွှေဒင်္ဂါးပြားအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ဗိုလ်ချုပ်အောင်ဆန်းပုံ (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်ပုံပါ ရွှေဒင်္ဂါးပြားများကို ကမ္ဘာ့ရွှေဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ဇန်နဝါရီ ၅ ရက်တွင်ပြောသည်။

“ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်အောင်ဆန်းကြည် တို့က မြန်မာနိုင်ငံရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဒါကြောင့် ဗိုလ်ချုပ်တို့ ပုံနဲ့ဒင်္ဂါးပြားထုတ်ရင် မြန်မာနိုင်ငံအတွက် အမှတ်တံဆိပ်တစ်ခုလိုဖြစ်သွားမယ်။ ဒါကြောင့် ဗိုလ်ချုပ်တို့ပုံနဲ့ ကမ္ဘာ့ရွှေဈေးကွက်ကို တင်ပို့ဖို့ကြိုးစားရတာဖြစ်ပါတယ်’’ ဟု ၎င်းကဆိုသည်။

ရွှေဒင်္ဂါးပြားများကို တင်ပို့ခွင့်ရပါက ကမ္ဘာ့စံချိန်နှင့် အညီ အချိန်အတွယ်ကို အောင်စဖြင့် ပို့မည်ဖြစ်ကြောင်းသိရသည်။ တစ်အောင်စလျှင် မြန်မာ့အလေးချိန် ၁ ဒသမ ၇၃၆၁ ကျပ်သားရှိကြောင်း သိရသည်။“ဒင်္ဂါးပြားတွေသာ တင်ပို့ခွင့်ရခဲ့ရင် ပြည်တွင်း မှာရှိတဲ့ ရွှေဈေးကွက် ကနိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးထွက်ရှိလာတဲ့ရွှေဟာ ကမ္ဘာ့ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှာဖြစ်ပါတယ်။ လက်ရှိမှာ က ကမ္ဘာ့ရွှေဈေး နဲ့ မြန်မာ့ရွှေဈေးက ကျပ်၃၀,၀၀၀၊ ကျပ်၄၀,၀၀၀ လောက်ကွာတတ်တယ်။ ကမ္ဘာကိုသာ တင်ပို့နိုင်ရင် ကမ္ဘာ့ဈေးနဲ့ မြန်မာ့ဈေးက တညီတည်းဖြစ်သွားမှာပါ။’’ ဟု ၎င်းကရှင်းပြသည်။ယနေ့ ညနေဘက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၉၃၈ ဒေါ်လာ၊ မြန်မာ့ရွှေ တစ်ကျပ်သားလျှင် ၁,၃၃၀,၅၀၀ပေါက်ဈေးရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.