Connect with us

Business

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၃၈ ရာခိုင်နှုန်းကျော်ကျဆင်း

ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူများကို ၂၀၂၃ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှာ အမေရိကန်ဒေါ်လာ ၁၃.၅၉ သန်းကျော်ရရှိခဲ့ပြီး ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသို့ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ကာလတူတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ၂၁.၉၉ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း DICA မှ ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် လက်ရှိဘဏ္ဍာနှစ်၏ ဧပြီလတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တစ်ခု၊ မေလတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း လေးခုနှင့် ဇွန်လတွင် လုပ်ငန်း ခြောက်ခုတို့ကို ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် ကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးကဏ္ဍများသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း DICA ၏ ထုတ်ပြန်ချက်အရ သိရသည်။

သုံးလတာကာလအတွင်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှာ တရုတ်၊ တရုတ်တိုင်ပေ၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဆမိုးအား၊ စင်ကာပူနှင့် အမေရိကန် စသည့်နိုင်ငံများ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှ အမေရိကန်ဒေါ်လာ ၁.၆၄ ဘီလီယံကျော် ဝင်ရောက်ခဲ့ပြီး၊ အဆိုပါကာလအတွင်း စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အများဆုံးရင်းနှီးမြှုပ်နှံကြကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117