Connect with us

Culture & Entertainment

တရုတ်နိုင်ငံ အနောက် တောင်ပိုင်းတွင် ဗျပ်စောင်းပညာရှင်များ စုပေါင်း၍ ဂင်းနစ် စံချိန်သစ်တင်

တရုတ်နိုင်ငံ အနောက် တောင်ပိုင်းတွင် ဗျပ်စောင်းပညာရှင်များ စုပေါင်း၍ တီးခတ်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ချန်ဒူး၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက် တောင်ပိုင်း စီချွမ်ပြည်နယ် ကျိုကျဲ့ကိုးစီရင်စုတွင် လူပေါင်း ၂,၀၀၀ ကျော်ခန့် စုဝေးကာ ပီပါ (ခေါ်) တရုတ် ရိုးရာ ကြိုးတပ် ဗျပ်စောင်း တစ်မျိုးကို တီးခတ်ပြီး အကြီးဆုံး ဗျပ်စောင်း အဖွဲ့အဖြစ် ဂင်းနစ် စံချိန်သစ် တင်နိုင်ခဲ့သည်။

လူပေါင်း ၂၀၁၅ ယောက်ပါဝင်သည့် အဆိုပါ တေးဂီတ အဖွဲ့သည် တရုတ်နိုင်ငံ စာသင်ကျောင်း တစ်ခုတွင် ၂၀၁၅ နံပါတ်ကို အဖွဲ့ဝင်များဖြင့် ပုံဖော်၍ တရုတ်ရိုးရာ တေးဂီတများကို တီးခတ်ခဲ့ကြပြီး ဖျော်ဖြေချိန် ၁၀ မိနစ် ကြာမြင့်ခဲ့သည်။

ကမ္ဘာ့ ဂင်းနစ် စံချိန်ဝင်ကြောင်း အတည်ပြုသူ ဝူရှောင်ဟုန်မှ အဆိုပါ တေးဂီတ အဖွဲ့သည် ဖျော်ဖြေပွဲ ပြီးနောက် ကမ္ဘာ့စံချိန် ချိုးနိုင်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဂီတဖျော်ဖြေပွဲသည် ဆောင်းရာသီအလယ်ပိုင်း ပွဲတော် အတွက် ကျင်းပခြင်း ဖြစ်ပြီး တရုတ်ရိုးရာ တေးဂီတကို ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူ ဇီကျင်း က ပြောကြားခဲ့သည်။

ပီပါ ခေါ် လေးကြိုးတပ် ဗျပ်စောင်းသည် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် သမိုင်းကြောင်းများနှင့်အတူ တရုတ်နိုင်ငံ၏ ရှေးအကျဆုံးသော တေးတူရိယာ တစ်ခုလည်း ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် “တရုတ်နိုင်ငံ ဗျပ်စောင်းအိမ်တော်” ဟု လူသိများသည့် ဖျော်ဖြေပွဲတစ်ခုကို တရုတ်နိုင်ငံ အရှေ့မြောက်ဘက် ကျီလင်ပြည်နယ် လျောင်းယွမ်မြို့တော်၌ ဗျပ်စောင်း ပညာ ရှင်ပေါင်း ၂၀၁၂ ယောက်စု ဝေးကာ တရုတ် ရိုးရာ ဗျပ်စောင်းဖြင့် ဖျော်ဖြေပြီး ဂင်းနစ် စံချိန် ဝင်ခဲ့ဖူးသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117