Connect with us

Culture & Entertainment

ရှားပါးပြီး ရှေးကျသည့် သင်္ချိုင်းဂူ တစ်ခုကို တရုတ်နိုင်ငံ မြောက်ပိုင်းတွင် တူးဖော်တွေ့ရှိ

လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ခန့်က ပင်လယ်လိပ် သဏ္ဍာန် အုတ်ဖြင့် ဆောက်လုပ်ထားသော ရှားပါးပြီး ရှေးကျသည့် သင်္ချိုင်းဂူတစ်ခု (ဆင်ဟွာ)

တိုင်ယွမ်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ရှေးဟောင်း သုတေသန ပညာရှင်များသည် တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ရှီးပြည်နယ်တွင် ရှားပါးပြီး ပင်လယ်လိပ် သဏ္ဍာန် အုတ်ဖြင့် ဆောက်လုပ်ထားသော နှစ်ပေါင်း ၈၀၀ ခန့်သက်တမ်းရှိသည့် ရှေးဟောင်း သင်္ချိုင်းဂူတစ်ခု ကို တူးဖော် တွေ့ရှိခဲ့ကြောင်း သိရသည်။

ရှေးဟောင်း သုတေသန ဆိုင်ရာ ပြည်နယ် ကောလိပ်မှ ပိုင်ရှုးကျန်း က အဆိုပါ သင်္ချိုင်းဂူသည် ကျင်းမင်းဆက် (၁၁၁၅-၁၂၃၄) အလယ် နှင့် နောက်ပိုင်း ကာလကြား တွင် တည်ဆောက် ခဲ့သည်ဟု ယူဆကြောင်းနှင့် ၎င်းကို ဧပြီလ ၌ ကျင်းရှန်စီရင်စု၊ ရှောင့်ကျွမ်းရွာ ရှိ ဒေသခံတစ်ဦးက အိမ်အသစ် ဆောက်လုပ်ရန် မြေတူးရာမှ စတင် တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အမြင့်လေးမီတာ ရှိသည့် အဆိုပါ သင်္ချိုင်းဂူတွင် အဋ္ဌဂံပုံစံ သင်္ချိုင်းဂူ အခန်းတစ်ခု နှင့် ထိုအခန်း၏ မြောက်ဖက်၊ အရှေ့မြောက်ဖက်၊ အနောက်မြောက်ဖက်၊ အရှေ့တောင်ဖက် နှင့် အနောက်တောင်ဖက် များတွင် အခန်းငယ် တစ်ခုစီ ဆောက်လုပ် ထားပြီး အပေါ် မှ ကြည့်ရှုပါက ပင်လယ်လိပ် နှင့် သဏ္ဍာန်တူကြောင်း သိရှိရသည်။

သင်္ချိုင်းဂူ အခန်း၏ အတွင်းဖက် နံရံခုနှစ်ဖက် ကို တစ်ဖက်လျှင် အုတ်ပန်းပု ၃ ချပ်ဖြင့် ပုံဖော်ထားပြီး စုစုပေါင်း အုတ်ပန်းပု ၂၁ ချပ် ရှိကာ အဆိုပါ လက်ရာများသည် သား နှင့် သက်ဆိုင်သည့် ရိုးရာပုံပြင်များကို ပုံဖော်ထားကြောင်း သိရသည်။

တူးဖော်တွေ့ရှိခဲ့သော ရုပ်အလောင်းများကို လေ့လာ ဆန်းစစ်ခြင်းအားဖြင့် သင်္ချိုင်းဂူ ကို မျိုးဆက်များစွာ မျှဝေ အသုံးပြု ခဲ့ကြောင်း သိရှိရသည်။

ပိုင် က သင်္ချိုင်းဂူ၏ ပုံသဏ္ဍာန်သည် ပုံမှန်မဟုတ်သည့် အပြင် အုတ်ပန်းပု လက်ရာများသည် အဆိုပါ မင်းဆက်အတွင်း ဈာပန ဓလေ့ထုံးစံများ ကိုလေ့လာရာတွင် အရေးကြီးသော လက်ရာများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117