Connect with us

Economy

တရုတ်နိုင်ငံ သင်္ဘော အာတိတ် သမုဒ္ဒရာ ကို ဖြတ်၍ စံချိန်တင် ခရီးစဉ် သွားရောက်ခဲ့

အာတိတ် သမုဒ္ဒရာ ကို ဖြတ်၍ စံချိန်တင် ခရီးစဉ် သွားရောက်ခဲ့ သော တရုတ်နိုင်ငံမှ သင်္ဘော ယုံရွှမ်း (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ယုံရွှမ်း အမည်ရှိ တရုတ်နိုင်ငံမှ သင်္ဘောသည် ဥရောပမှ တရုတ်နိုင်ငံ မြောက်ပိုင်း အထိ အာတိတ် သမုဒ္ဒရာ၏ အရှေ့မြောက် လမ်းကြောင်းအတိုင်း ဖြတ်သန်းခဲ့ပြီး စံချိန်တင် ခရီးစဉ် သွားရောက် ခဲ့ကြောင်း သိရှိရသည်။

ကုန်တင်သင်္ဘော ယုံရွှမ်း သည် တရုတ်နိုင်ငံ၏ ထိပ်တန်း သင်္ဘော ကုမ္ပဏီ တစ်ခုဖြစ်သည့် China Ocean Shipping Company အုပ်စု (COSCO) မှ ဖြစ်ပြီး ဥရောပ မှ တရုတ်နိုင်ငံသို့ အရှေ့မြောက် လမ်းကြောင်းမှ တစ်ဆင့် မောင်းနှင်လာသော တရုတ်နိုင်ငံ၏ ပထမဆုံးသော ကုန်သည် သင်္ဘောဖြစ်သည်။ အရှေ့မြောက် လမ်းကြောင်းသည် ရုရှား နှင့် စကန်ဒီနေးဗီးယား နိုင်ငံ အထက်ပိုင်းကို ဖြတ်လျက် တည်ရှိသော ရေခဲ များရှိသည့် ရေကြောင်းလမ်း တစ်ခုဖြစ်ပြီး ၎င်းလမ်းကြောင်းသည် အာရှသို့ လူသုံးကုန်များပို့ဆောင်ပြီး ဥရောပသို့ ကုန်စည်များ ပြန်လည် တင်ပို့သည့် လမ်းကြောင်းကို ပြောင်းလဲ ပေးနိုင်ကြောင်း ယုံကြည်ကြသည်။

ယုံရွှမ်း သည် ၅၅ ရက်ကြာ ရေကြောင်း ခရီးစဉ်အတွင်း ရေမိုင် ၂၀,၀၀၀မိုင် (၃၇,၀၄၀ ကီလိုမီတာ) နီးပါး သွားလာခဲ့ပြီး မလက္ကာ ရေလက်ကြား နှင့် စူးအက်တူးမြောင်း ကို ဖြတ်သန်းသွားသည့် လမ်းကြောင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ဖြတ်လမ်း တစ်ခုဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အာတိတ်ဒေသ တွင် ပြောင်းလဲမှုများ ဖြစ်ပေါ် ခဲ့ကြောင်း၊ ၎င်း၏ နွေရာသီ ရေခဲလွှာသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း လျော့နည်းလာကြောင်း နှင့် အာတိတ်၏ ပင်လယ် ရေကြောင်းလမ်းများ ဖြစ်ပေါ်လာကာ သင်္ဘောများ ဖြတ်သန်း သွားလာနိုင်ချေ ရှိလာကြောင်း သိရသည်။ (Xinhua)