Connect with us

Economy

၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံကျေးလက်ဒေသများအတွက် အလုပ်အကိုင်ပေါင်း ၆၆ သန်းကျော် ဖန်တီးပေးခဲ့

တရုတ်နိုင်ငံ၌ အလုပ်အကိုင်ပြပွဲ မြင်ကွင်းတစ်ခု အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ပြီးခဲ့သော ၅ နှစ်တာကာလအတွင်း ကျေးလက်ဒေသများ၌ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၆၆ သန်း ကျော်ကို ဖန်တီးပေးခဲ့ကြောင်း အစိုးရ၏ တရားဝင် ကိန်းဂဏန်းများအရ သိရသည်။

လွန်ခဲ့သော ၅ နှစ်တာအတွင်း တက္ကသိုလ်ဘွဲ့ရ ၉ဝ ရာခိုင်နှုန်းသည် အလုပ်အကိုင်များ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံလူ့အရင်းအမြစ် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဝန်ကြီး Yin Weimin က ဆိုသည်။

၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျေးလက်ဒေသ၌ အလုပ်လက်မဲ့ဦးရေသည် ၃.၉ ရာခိုင်နှုန်းသာ ရှိခဲ့ရာ ၂၀၀၂ ခုနှစ် မှစတင်ရေတွက်ပါက အနိုမ့်ဆုံး ပမာဏဖြစ်ကြောင်း စာရင်းများက ဆိုသည်။

၂ဝ၁၃ ခုနှစ် မှ ၂ဝ၁၇ ခုနှစ်အတွင်း စီးပွားရေး တိုးတက်မှု နှေးကွေးခြင်း နှင့် စီးပွားရေး ပုံစံ အနုတ်လက္ခဏာ သက်ရောက်မှုများ ရှိနေလင့်ကစား တရုတ်နိုင်ငံ ကျေးလက်ဒေသများ၌ နှစ်စဉ် အလုပ်အကိုင်အခွင့်အလမ်းသစ်ပေါင်း ၁၃ သန်းကျော်ကိုဖန်တီးပေးခဲ့ကြောင်း စာရင်းများတွင် ဖော်ပြထားသည်။

၂ဝ၁၇ ခုနှစ်တွင် ကျေးလက်ဒေသများ၌ အလုပ်အကိုင်သစ်ပေါင်း ၁၃.၅၁ သန်းကို ဖန်တီးပေးခဲ့ကြောင်း နှင့် တရုတ်နိုင်ငံ ဗဟိုအစိုးရအနေဖြင့် ၂ဝ၁၇ ခုနှစ်တွင် အလုပ်အကိုင်ပေါင်း ၁၁ သန်း ဖန်တီးပေးရန် ဦးတည်ချက် ချမှတ်ထားခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း အလုပ်အကိုင်တည်ငြိမ်မှု ရှိစေရန်အတွက် တရုတ်နိုင်ငံသည် ဘွဲ့ရများ ၊ အလုပ်အထုတ်ခံရသော အလုပ်သမားများ ၊ မသန်မစွမ်းများ နှင့် ရွေ့ပြောင်းလုပ်သားများ အတွက် အလုပ်အကိုင်ဆိုင်ရာမူဝါဒကို ရေးဆွဲချမှတ်ထားကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ်တွင် အလုပ်အကိုင်သစ်များ ပိုမိုဖန်တီးပေးနိုင်ရန် စွန့်ဦးတီထွင်မှု လုပ်ငန်းများ ၊ အလုပ်အကိုင်ကျွမ်းကျင်မှု မြှင့်တင်ခြင်းများ နှင့် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Yin က ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117