Connect with us

Economy

ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ်သို့ နိုင်ငံ ၂၉ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်မည်ဟု တရုတ် အတည်ပြု

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ကိမ်းစွမ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ မေ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ် (Belt and Road Forum for International Coorperation) သို့ နိုင်ငံနှင့် အစိုးရ ခေါင်းဆောင် ၂၉ ဦး တက်ရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ကိမ်းစွမ်က မေလ ၁၁ ရက်က ကြေညာလိုက်သည်။

အဆိုပါ ဖိုရမ်အား မေလ ၁၄ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ကျင်းပမည် ဖြစ်ပြီး ၂၀၁၃ ခုနှစ် တရုတ်နိုင်ငံက ခေတ်သစ် ပိုးလမ်းမကြီး အစပျိုး ဖော်ဆောင်မှု အဆိုပြုထားချိန်မှစ၍ အဆင့်မြင့်ဆုံး နိုင်ငံတကာစုံ ပါဝင်သည့် အစည်းအဝေး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.