Connect with us

Economy

၂၀၁၅ ခုနှစ် ပိုးလမ်းမကြီး ဖိုရမ်အား မက်ဒရစ်တွင် ကျင်းပ

၂၀၁၅ ခုနှစ် ပိုးလမ်းမကြီး ဖိုရမ် အမှတ်တံဆိပ် (ဓာတ်ပုံ-အင်တာနက်)

မက်ဒရစ်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် ပိုးလမ်းမကြီး ဖိုရမ်အား မက်ဒရစ်တွင် အောက်တိုဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့ပြီး နိုင်ငံတကာ အဖွဲ့များနှင့် နိုင်ငံပေါင်း ၃၀ ကျော်မှ ဧည့်သည် ၃၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ယင်း ဖိုရမ်အား တရုတ်နိုင်ငံ ကောင်စီ၏ ဖွံ့ဖြိုး တိုးတက်ရေး သုတေသနဋ္ဌာန၊ နိုင်ငံတကာ ဆက်ဆံရေး နှင့် ရေရှည်တည်တံ့ ဖွံ့ဖြိုးရေး စင်တာ နှင့် စပိန်နိုင်ငံ ရှိ တရုတ် သံရုံးတို့ ပူးတွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဖိုရမ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပိုးလမ်းမကြီးတွင် ပါဝင်သည့် နိုင်ငံများမှ ပညာရှင်များ ကို စုစည်းပေးရန် ဖြစ်ကြောင်း၊ အဖွဲ့အစည်းများအား စုစည်းခြင်း၊ စီးပွားရေးနှင့် ဆက်သွယ်ရေး လမ်းကြောင်းများ အား မြှင့်တင်ခြင်းတို့ဖြင့် နိုင်ငံတကာ ဆက်ဆံရေး အဆင့်တစ်ခုအထိ တိုးမြှင့်သွားရန် ဖြစ်ကြောင်း သိရသည်။

ဖွံ့ဖြိုး တိုးတက်ရေး သုတေသနဋ္ဌာန မှ ဒါရိုက်တာ လီဝေ မှ ပိုးလမ်းမကြီး အစပျိုးမှုသည် ဘဏ္ဍာရေး အကျပ်အတည်းများ မှ လွတ်မြောက်စေရန် ကူညီပေးနိုင်ကြောင်း၊ စီးပွားရေး တည်ငြိမ်မှု ရရှိအောင် ဖော်ဆောင် ပေးနိုင်ကြောင်းနှင့် ကမ္ဘာ့စီးပွားရေးကို ပြန်လည် ကောင်းမွန်လာစေရန် ပြုလုပ်ပေးနိုင်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

စပိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် လုဖန်က ခေတ်ဟောင်း ပိုးလမ်းမကြီး၏ အနောက်ပိုင်းဒေသ ကို စပိန်နိုင်ငံက သတ်မှတ် ပေးထားသည့်အပြင် စပိန်သည် ရေကြောင်း ပိုးလမ်းမကြီးကို ဖော်ဆောင်သူများထဲမှ တစ်ဦး အဖြစ် ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ယခု နှစ်သည် တရုတ်နှင့် စပိန်တို့၏ ဆယ်နှစ်မြောက် အရေးပါသော မဟာဗျူဟာ ဆိုင်ရာ အဖွဲ့အစည်း ၁၀ နှစ်ပြည့် ဖြစ်သောကြောင့် ပိုးလမ်းမကြီး ဖိုရမ်အား မက်ဒရစ်တွင် ကျင်းပရခြင်း ဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပိုးလမ်းမကြီး ဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ကွန်ရက် ဖွင့်လှစ်ခြင်း ကိုလည်း ပြုလုပ်ခဲ့သည်။

ပထမဆုံး ပိုးလမ်းမကြီး ဖိုရမ်ကို တူရကီ နိုင်ငံရှိ အစ္စတန်ဘူလ်မြို့တွင်ပြုလုပ်ခဲ့ပြီး ယခုကျင်းပခြင်းသည် ဒုတိယအကြိမ်မြောက် ဖြစ်ကာ ပိုးလမ်းမကြီး ပေါ်တွင် တည်ရှိနေသည့် နိုင်ငံများ၌ နှစ်စဉ် ကျင်းပနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117