Connect with us

Economy

ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း တရုတ် နိုင်ငံမှ ပိုးလမ်းမကြီး လမ်းကြောင်း တလျှောက် ရင်းနှီးမြှုပ်နှံမှု ပမာဏ ယခင်ထက် ၃.၇ ရာခိုင်နှုန်း တိုးမြင့်

တရုတ်နိုင်ငံ စီးပွားရေး ဝန်ကြီးဌာန ပြန်ကြားရေး ဆိုင်ရာ ပြောရေး ဆိုခွင့် ရှိသူ စိန်သန်းယံ (Shen Danyang) အား ဇူလိုင်လ ၇ ရက်နေ့က ပြုလုပ်ခဲ့သည့် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေး ဝန်ကြီးဌာန ပြန်ကြားရေး ဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူ စိန်သန်းယံ (Shen Danyang) မှ ဇူလိုင်လ ၇ ရက်နေ့က ယခုနှစ် ဇန်နဝါရီလမှ မေလ အထိ တရုတ် နိုင်ငံတော်ပိုင် လုပ်ငန်းကုမ္ပဏီ များမှ ခေတ်သစ် ပိုးလမ်းမကြီး တလျှောက်ရှိ နိုင်ငံပေါင်း ၄၈ နိုင်ငံတွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် ယခင်ထက် ၃.၇ ရာခိုင်နှုန်း တိုးမြင့် လာကြောင်း ပြောကြား ခဲ့သည်။

စိန်သန်းယံမှ ထိုနေ့က ပြုလုပ်သည့် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြီးခဲ့သည့် ၅ လ အတွင်း တရုတ် နိုင်ငံတော်ပိုင် လုပ်ငန်း ကုမ္ပဏီ များမှ ခေတ်သစ် ပိုးလမ်းမကြီး တလျှောက်ရှိ နိုင်ငံပေါင်း ၄၈ နိုင်ငံ အတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၄.၈၆ ဘီလီယံ ရှိခဲ့ကြောင်း ၊ အဓိက ရင်းနှီးမြှုပ်နှံခဲ့သည့် နိုင်ငံ များမှာ စင်ကာပူ ၊ အင်ဒိုနီးရှား ၊ လာအိုနှင့် ရုရှား စသည့် နိုင်ငံ များတွင် ဖြစ်ကြောင်း ၊ ယခုနှစ် မေလ အထိ တရုတ် နိုင်ငံမှ ခေတ်သစ် ပိုးလမ်းမကြီး တလျှောက် နိုင်ငံ ပေါင်း ၆၄ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း သည် အမေရိကန် ဒေါ်လာ ၁၆၁.၂ ဘီလီယံ ရှိခဲ့ပြီး တရုတ် နိုင်ငံ ပြည်ပ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ရှိကြောင်း ပြောကြား ခဲ့သည်။

စိန်သန်းယံမှ တရုတ် နိုင်ငံ အနေဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည့် အပြင် ခေတ်သစ် ပိုးလမ်းမကြီး တလျှောက်နိုင်ငံ များမှ ရင်းနှီးမြှုပ်နှံမှုများ လက်ခံခြင်း ၊ ကုန်သွယ်မှု ဆောင်ရွက်ခြင်း ၊ စီမံကိန်းများ ကန်ထရိုက်ယူခြင်းနှင့် လုပ်ငန်း ပူးပေါင်း ဆောင်ရွက်ခြင်း များတွင်လည်း သိသာသော တိုးတက်မှု များရရှိ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ပြည်ပ ရင်းနှီးမြှုပ်နှံမှု လက်ခံခြင်း ကဏ္ဍတွင် ပြီးခဲ့သည့် ၅ လ အတွင်း ခေတ်သစ် ပိုးလမ်းမကြီး တလျှောက်ရှိ နိုင်ငံများမှ တရုတ် နိုင်ငံ အတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ကုမ္ပဏီ စုစုပေါင်း ၇၆၇ ခု လာရောက် ဖွင့်လှစ် ခဲ့ပြီး ယခင် ထက် ၁၄.၃၁ ရာခိုင်နှုန်း တိုးမြင့် ခဲ့သည် ။ လက်တွေ့ ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏ အမေရိကန် ဒေါ်လာ ၂.၉၁၉ ဘီလီယံ ရှိခဲ့ပြီး ယခင်ထက် ၁၁.၅ ရာခိုင်နှုန်း တိုးမြင့် ခဲ့ကာ တစ်နိုင်ငံလုံးရှိ ပြည်ပ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၅.၄၂ ရာခိုင်နှုန်း ရှိသည်။

တရုတ် နိုင်ငံမှ ပြီးခဲ့သည့် ၅ လ အတွင်း တရုတ် နိုင်ငံတော်ပိုင် လုပ်ငန်း ကုမ္ပဏီများမှ ခေတ်သစ် ပိုးလမ်မကြီး လမ်းကြောင်း တလျှောက်ရှိ နိုင်ငံပေါင်း ၅၉ နိုင်ငံတွင် ပြည်ပ စီမံကိန်း ကန်ထရိုက် ယူမှု ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၂၂.၇ ဘီလီယံ တန်ဖိုးရှိ လုပ်ငန်းများ ကန်ထရိုက် ယူခဲ့ပြီး တရုတ် နိုင်ငံမှ ပြည်ပ စီမံကိန်း ကန်ထရိုက်ယူမှု စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်း ရှိကာ ယခင်ထက် ၄.၅ ရာခိုင်နှုန်း တိုးမြင့် ခဲ့သည်။ ပြည်ပ ကုန်သွယ်ရေး ကဏ္ဍတွင် ပြီးခဲ့သည် ၅ လ အတွင်း တရုတ် နိုင်ငံ နှင့် ခေတ်သစ် ပိုးလမ်မကြီး လမ်းကြောင်း တလျှောက်ရှိ နိုင်ငံ များနှင့် အပြန်အလှန် ကုန်သွယ်မှု ပမာဏ သည် အမေရိကန် ဒေါ်လာ ၃၉၈.၃၃ ဘီလီယံ ရှိခဲ့ပြီး ယခင်ထက် ၉.၅ ရာခိုင်နှုန်း ကျဆင်းကာ စုစုပေါင်း ကုန်သွယ်မှု ပမာဏ၏ ၂၅.၈ ရာခိုင်နှုန်း ရှိခဲ့သည်။ တရုတ် နိုင်ငံမှ လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံ များသို့ ပို့ကုန် အနေဖြင့် အမေရိကန် ဒေါ်လာ ၂၄၃.၉၅ ဘီလီယံ ရှိခဲ့ပြီး ယခင်ထက် ၂ ရာခိုင်နှုန်း တိုးမြင့် ခဲ့သည်။ လမ်းကြောင်း တစ်လျှောက်မှ တရုတ် နိုင်ငံ သို့ သွင်းကုန် အနေဖြင့် အမေရိကန် ဒေါ်လာ ၁၅၄.၄၃ ဘီလီယံ ရှိခဲ့ပြီး ယခင်ထက် ၂၃.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။(Xinhua)