Connect with us

Economy

၁၇ ကြိမ်မြောက် တရုတ်-အီးယူ ထိပ်သီး အစည်းအဝေးမှ ရရှိသော အရေးပါသည့် ရလဒ်များ

၁၇ ကြိမ်မြောက် တရုတ်-အီးယူ ထိပ်သီး အစည်းအဝေးကို ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ် မြို့တွင် ကျင်းပနေစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

၁၇ ကြိမ်မြောက် တရုတ်-အီးယူ ထိပ်သီး အစည်းအဝေးကို ဇွန်လ ၂၉ ရက်နေ့က ဘယ်လ်ဂျီယမ် နိုင်ငံ ဘရပ်ဆဲလ် မြို့ရှိ အီးယူ ကော်မရှင် အဖွဲ့ချုပ်ရုံးတွင် ပြုလုပ် ခဲ့သည်။

တရုတ် နိုင်င် ဝန်ကြီးချုပ် လီခဲ့ချန် (Li keqiang)နှင့် အီးယူ ကော်မရှင် ဥက္ကဌ Jean-Claude Juncker တို့မှ အစည်းအဝေးတွင် ပူးတွဲ သဘာပတိ အဖြစ် ဆောင်ရွက် ခဲ့ကြသည်။

ယခု အကြိမ် တရုတ်-အီးယူ ထိပ်သီး အစည်းအဝေးတွင် လက်တွေ့ကျသည့် အရေးပါသော ရလဒ် များစွာ ရရှိခဲ့သည်။ တရုတ်-အီးယူ နှစ်ဘက် အနေဖြင့် အစည်းအဝေး ပူးတွဲ ကြေညာချက်နှင့် ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်သော ပူးတွဲ ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ ထို့ပြင် နည်းပညာ ၊ မူပိုင်ခွင့် ၊ ဒေသပိုင်းဆိုင်ရာ အုပ်ချုပ်ရေး ဗျူဟာ ၊ အကောက်ခွန် စသည့် ကဏ္ဍ အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှု စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပြီး အခြားကဏ္ဍ များတွင်လည်း သဘောတူညီမှု များ ရရှိခဲ့သည်။

တရုတ်နှင့်အီးယူ မှ “ခေတ်သစ်ပိုးလမ်းမကြီး” စီမံကိန်း နှင့် ဥရောပ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ကို ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၊ တရုတ်-အီးယူ ပူးပေါင်း ရင်းနှီးမြှုပ်နှံမှု ဖောင်ဒေးရှင်း ထူထောင် သွားမည် ဖြစ်ကြောင်း ၊ တရုတ်-အီးယူ အပြန်အလှန် ချိတ်ဆက် ဆောင်ရွက် နိုင်သည့် လုပ်ငန်းခွင် ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ၊ တရုတ်-အီးယူ ဘက်စုံ ရင်းနှီးမြှုပ်နှံ ဆိုင်ရာ သဘောတူညီမှု စာချူပ်ကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လမ်းပြ မြေပုံကို သတ်မှတ် သွားမည်ဖြစ်ကြောင်း ၊ သတင်း အချက်အလက် ဆိုင်ရာ နည်းပညာ ကဏ္ဍ တွင် ဆွေးနွေးခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ ပိုမို နက်ရှိုင်းစွာ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ၂၀၁၅ ခုနှစ် နှစ်ကုန် မတိုင်မီ သံတမန် ဆောင်ရွက်သူ များအနေဖြင့် ဗီဇာ ကင်းလွတ်ခွင့် ညှိနှိုင်းဆောင်ရွက်မှု နှင့် သဘောတူညီမှု လက်မှတ် ရေးထိုး သွားမည် ဖြစ်ကြောင်း ၊ နှစ်ဘက် စီးပွားရေး ၊ ခရီးသွားလုပ်ငန်း ၊ ပညာရေး စသည့် လုပ်ငန်းများနှင့် ပတ်သက်သော ဗီဇာ ဆောင်ရွက်မှု များအား ပိုမို အဆင်ပြေနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ်-အီးယူ ဥပဒေ ရေးရာ လုပ်ငန်း ဆွေးနွေးမှု စနစ် များလည်း ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း သဘောတူ ခဲ့သည်။

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် မှ တရုတ်-အီးယူ ကုန်ထုတ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု နှင့်ပတ်သက်သော သဘောထား အမြင်ကို ပြောကြားခဲ့ပြီး အီးယူ ဘက်မှ ထောက်ခံမှု များ ရရှိခဲ့သည်။

တရုတ်နှင့်အီးယူ မှ “ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်း” ရှိ မူဝါဒ နှင့် စည်းကမ်း များ ကို ခိုင်မြဲစွာ လိုက်နာသွားမည်ဖြစ်ပြီး နိုင်ငံတကာတွင် ပိုမို တရားမျှတပြီး အမှန်တရား နှင့် ကိုက်ညီသည့် ဘက်သို့ ဖွံ့ဖြိုးတိုးတက် သွားရန် တွန်းအားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သဘောတူညီ ခဲ့ကြသည်။

ထို့ပြင် နှစ်ဘက် ခေါင်းဆောင် များမှ အီရန် နျူကလီးယား အရေး ၊ အရှေ့အလယ်ပိုင်း အရေး နှင့် အာဖဂန် စသည့် နိုင်ငံ တကာ နှင့် ဒေသတွင်း ဆိုင်ရာ ကိစ္စ ရပ်များနှင့် ပတ်သက်ပြီး သဘောထား အမြင်များ ဖလှယ် ခဲ့ကြသည်။ (Xinhua)